Published-27 August 2021
ဘရပ်ဆဲလ်- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး ဆိုင်နိုဗက်နှင့် ဆိုင်နိုဖမ် အလုံးရေ သန်း ၁၀၀ကို နောက်လကုန်နောက်ဆုံးထားပြီး ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အာဖရိကနှင့် အာရှနိုင်ငံတွေကို ဖြန့်ဝေပေးတော့မှာ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး ရိုက်တာကရေးသားလိုက်ပါတယ်။
 
တရုတ်ဆေးတွေပေးပို့ဖြန့်ဖြူးခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကာကွယ်ဆေးမျှဝေတဲ့ အစီအစဉ်မှာ ကတိပေးထားတာထက် အများကြီးလျော့နည်းဖြန့်ဝေနေရတဲ့ အခက်အခဲကို အကူအညီဖြစ်စေပါလိမ့်မယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီနှစ်ထဲ ကာကွယ်ဆေး ၂ ဘီလျံဖြန့်ဝေမယ်ကတိပေးထားပေမယ့် အဓိကဖြန့်ပေးမယ့် အိန္ဒိယ ထုတ်လုပ်သူဆီက ပေးပို့ဖို့ အဟန့်အတားဖြစ်ခဲ့တာပါ။
 
တရုတ်ကာကွယ်ဆေး သန်း၁၀၀မှာ တစ်ဝက်က ဆိုင်နိုဖမ်နှင့် နေက်တစ်ဝက်က ဆိုင်နိုဗက်တို့ကို ၂၀၂၁ ဇူလိုင်ကနေ စက်တင်ဘာလအတွင်း ဖြန့်ဝေပေးဖို့ စီစဉ်ထားရှိတယ်လို့ ဇူလိုင်၂၉ရက် ရက်စွဲပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ စာ တစ်စောင်မှာဖော်ပြထားတာဖြစ်ပါတယ်။
 
ဩဂုတ်လ လယ်ပိုင်းမှာ ဆိုင်နိုဖ် ၁၀သန်းကို ဖြန့်ဝေပြီးဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးဖြန့်ဝေရေး ကိုဗက်ခ် အစီအစဉ်မှာ ပူးတွဲခေါင်းဆောင်နေတဲ့ GAVI အဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရသူ တစ်ဦးက ရိုက်တာကိုပြောပါတယ်။
 
တရုတ်ကာကွယ်ဆေးတွေကို နိုင်ငံပေါင်း ၆၀ကို ပေးပို့ဖို့ လျာထားပြီး အများစုဟာ အာဖရိကနိုင်ငံတွေဖြစ်ပါတယ်။ သူတို့ဟာ သန်း၁၀၀ရဲ့ သုံးပုံတစ်ပုံခန့်ရရှိကြမှာလို့ သိရပါတယ်။ ဒါပေမယ့် အချို့အာဖရိကနိုင်ငံတွေကတော့ ဒီကာကွယ်ဆေးတွေရဲ့ ထိရောက်မှုနှင့်ပတ်သက်တဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံ မရသေးလို့ လက်မခံချင်ကြပဲရှိနေသေးတယ်လို့ ရိုက်တာက ရေးသားထားပါတယ်။
Source: Reuters