26 August 2021
ဂျွန်ဆင်အင်န်ဂျွန်ဆင် ကိုဗစ်-၁၉ အားမြှင့်ကာကွယ်ဆေးဟာ ဗိုင်းရပ်စ်အပေါ် အင်အားကြီးမားပြီး မြန်ဆန်တဲ့ ပဋိပစ္စည်း(ခုခံအား) တုန့်ပြန်မှု ထုတ်လုပ်ပေးတယ်လို့ ဆေးဝါး ကုမ္ပဏီက ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါတယ်။
 
ကမ္ဘာ့အကြီးဆုံး ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီကရရှိတဲ့ ကနဦးသတင်းအချက်အလက်နှင့် အမေရိကန်ထိပ်တန်း ပြည်သူ့ကျန်းမာရေးအရာရှိတွေနှင့် ပြိုင်ဘက်ကာကွယ်ဆေးထုတ်လုပ်သူတွေက ဆုတ်ယုတ်လာတဲ့ ခုခံအားတွေကို ကာကွယ်ပေးနိုင်ဖို့ အားမြှင့်ဆေးဖိုးဖို့ လိုအပ်တယ်လို့ ပြောနေကြပါတယ်။
 
ဂျေအင်န်ဂျေက သူရဲ့ ဒုတိယမြောက်ကာကွယ်ဆေးဟာ ပထမအကြိမ်ဆေးထိုးပြီး ရက်ပေါင်း ၂၈ရက်အကြာမှာ တွေ့ရတဲ့ ခုခံအားအဆင့်နှင့် နှိုင်းယှဉ်လျှင် အဆပေါင်း ၉ ဆတက်လာတာ တွေ့ရတယ်လို့ ပြောပါတယ်။ သိသာထင်ရှားတဲ့ ပဋိပစ္စည်း တိုးလာမှုကို ပထမဆေးထိုးထားပြီးတဲ့ အသက် ၁၈နှစ်နှင့် ၅၅နှစ်အကြားနှင့် အသက်၆၅ နှစ်အထက် သူတွေဆီမှာ တွေ့ရတယ်လို့ ဆက်ပြောပါတယ်။
 
ဖိုက်ဇာနှင့်မိုဒါနားတို့နှင့် မတူတဲ့အချက်က ဂျေအင်န်ဂျေဟာ အဲဒီဆေးနှစ်မျိုးလို နှစ်ကြိမ်ထိုးစရာမလိုဘဲ တစ်ကြိမ်သာ ထိုးဖို့ လိုအပ်ခဲ့တာဖြစ်ပါတယ်။ တစ်ကြိမ်တည်းထိုးတာနှင့် ခုခံအားကို ရှစ်လကြာအထိ ရရှိနိုင်တယ်လို့ပြောပါတယ်။
 
ဂျွန်ဆင်အင်န်ဂျွန်ဆင်ရဲ့ ဂျန်ဆင်း သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာနရဲ့ ကမ္ဘာ့ဌာနမှူး မက်သိုင်းမမ်မင်းက ပထမဆေးတစ်လုံး ထိုးပြီးတာနှင့် သူတို့ရဲ့ကိုဗစ် ကာကွယ်ဆေးဟာ ရှစ်လ ဒါမှမဟုတ် သည့်ထက်ရှည်ကြာအောင် ခုခံအားစနစ်မြှင့်တင်တာနှင့်ပတ်သက်လို့ အလားအလာရှိတဲ့ မဟာဗျူဟာတစ်ခုကို ပြည်သူ့ကျန်းမာရေးအရာရှိတွေနှင့် ဆွေးနွေးဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
 
Source : Financial Times