Published 19 June 2022

လိင်တူချင်းနှစ်သက်မှုကို နှိမ်နှင်းတဲ့အနေနှင့် ဆော်ဒီအရာရှိတွေက မြို့တော်ရီယာဒ်မှာရှိတဲ့ ဆိုင်တွေကနေ သက်တန့်ရောင် အရုပ်တွေနှင့် အဝတ်အစားမျိုးစုံတို့ကို သိမ်းဆည်းခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ကြေညာပါတယ်။

ရှေးရိုးအစွဲရှိတဲ့ ဘုရင့်နိုင်ငံတော်ဆော်ဒီအာရေဗျဟာ ၂၀၂၉ခုနှစ်ကစပြီး ကမ္ဘာလှည့်တွေကို တံခါးဖွင့်ခဲ့ပေးမယ့် အခြား ပင်လယ်ကွေ့နိုင်ငံတွေလိုပဲ လိင်တူနှစ်သက်မှုကို တရားမဝင်သတ်မှတ်ထားတာနှင့် သေဒဏ်တွေရှိနေတာနှင့်ပတ်သက်လို့ လူ့အခွင့်အရေးမှတ်တမ်းမှာ ဝေဖန်ပြောဆိုခံနေရတာပါ။

သိမ်းဆည်းရမိတာတွေအထဲမှာ သက်တန့်ရောင်ဖဲပြားတွေ၊စကတ်တွေ၊ဦးထုတ်တွေနှင့် ခဲတံဘူးတွေပါဝင်ပါတယ်။ အများစုကတော့ ကလေးငယ်တွေအတွက် ဖြစ်ပုံရတယ်လို့ နိုင်ငံပိုင်ရုပ်သံ အယ်အီဘာရီယာသတင်းက ပြောပါတယ်။

“အစ္စလမ်ရဲ့ ကိုးကွယ်ယုံကြည်မှုကိုဆန့်ကျင်ပြီး အကျင့်စာရိတ္တထိခိုက်တဲ့၊ပြီးတော့ လူငယ်တွေကို ပစ်မှတ်ထားတဲ့ လိင်တူ အရောင်တွေကို အားပေးမြှင့်တင်တဲ့ ပစ္စည်းတွေကို သိမ်းဆည်းခဲ့ပါတယ်” လို့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောပါတယ်။

ရီယတ်ဈေးတွေထဲကဈေး တစ်ဈေးမှာ  လိင်တူအလံတွေကို တွေ့ရတယ်လို့ သတင်းထောက်တစ်ဦးကလည်းပြောပါတယ်။

ဒီအရောင်တွေဟာ ကလေးတွေကို အဆိပ်သင့်စေတဲ့ သတင်းစကားတွေပို့နေတာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

ဧပြီလာက ဆော်ဒီအာရေဗျဟာ ဒစ်စနေရဲ့ နောက်ဆုံးရုပ်ရှင် Marvel ထဲက သက်တန့်ရောင်ဖဲပြားတွေဟာ LGBTQ ကို ကိုယ်စားပြုလို့ ဖြတ်တောက်ပေးဖို့ပြောခဲ့ပေမယ့် ဒစ်စနေက ငြင်းဆန်ခဲ့ပါတယ်။

အဲဒီအချိန်က အစိုးရက ဒစ်စနေနှင့် ညှိနှိုင်းအဖြေရှာဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမတော့ ဆော်ဒီရုပ်ရှင်ရုံတွေမှာ ပြသခြင်း မပြုခဲ့ပါဘူး။

ဒစ်စနေရဲ့ နောက်ဆုံးကာတွန်းကား "Lightyear”မှာ လိင်တူချင်းနမ်းတဲ့အခန်းပါလို ဆော်ဒီအာရေဗျနှင့် နိုင်ငံပေါင်း (၁၂)နိုင်ငံကျော်မှာ ပြသခွင့်ပိတ်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျဟာ လူမှုပြုပြင်ပြောင်းလဲမှုအစိတ်အပိုင်းတစ်ခုအဖြစ် ဆယ်စုနှစ်တစ်စုကြာပိတ်ထားတဲ့ ရုပ်ရှင်ရုံတွေကို ၂၀၁၇နှောင်းပိုင်းမှာ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဆော်ဒီမှာရုပ်ရှင်ဈေးကွက်ကြီးထွားလာခဲ့ပါတယ်။ ၂၀၂၁ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ  ၂၃၈ သန်းရရှိခဲ့ပါတယ်။ ယခင်နှစ်ထက် ၉၅ ရာခိုင်နှုန်းတိုးတက်လာတာဖြစ်တယ်လို့ သိရပါတယ်။

Source: AFP