Published 19 June 2022

တစ်တော့ပေါ်မှာ ဗွီဒီယိုတွေတင်ပြီး ထိုင်းတော်ဝင်မိသားစုဝင်တစ်ဦးကို စော်ကားမော်ကားလုပ်တဲ့အတွက် ထိုင်းနိုင်ငံရဲ့ ဆိုရှယ်မီဒီယာမှာ ဩဇာရှိသူ influencer (၃)ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အလီဘာဘာရဲ့ အီလက်ထရွန်းနစ်ရောင်းဝယ်ရေး ကုမ္ပဏီ လာဇာဒါ အရောင်းမြှင့်တင်ရေးအစိတ်အပိုင်းအဖြစ် အွန်လိုင်းတင်ခဲ့ပြီး ယခုဖျက်ပစ်လိုက်တဲ့ ဗွီဒီယိုကလစ်တွေမှာ သူတို့ဟာ ရိုးရာထိုင်းဝတ်စုံနှင့်အမျိုးသမီးတစ်ဦး ဘီးတပ်ကုလားထိုင်မှာ ထိုင်နေတဲ့ပုံနှင့် တင်ဆက်ထားကြပါတယ်။

ဘုရင်စနစ်ကိုလက်ခံထားသူတွေက အဲဒီအမျိုးသမီးဟာ တော်ဝင်မိသားစုဝင်တစ်ဦးကို ပုံဖော်ထားတာလို့ပြောပါတယ်။ ဒါပေမယ့် အဲဒီကြေညာဟာ မည်သည့်တော်ဝင်မိသားစုကိုမှ ရည်ညွှန်းထားတာမဟုတ်သလို အမည်နှင့် ပြောဆိုတာမျိုးလည်း မရှိဘူးလို့ လာဇာဒါကပြောပါတယ်။

အဲဒီဗွီဒီယိုကင်န်ပိန်းမှာ ပါဝင်ခဲ့တဲ့ ထိုင်းအင်ဖလူရန်ဇာ သုံးဦးဖြစ်တဲ့ အန်နီဝတ်ပရက်သမ်သင်း၊ကစ်တစ်ခွန် သမ်မာ ကစ်တရိယက် နှင့် သီဒါပွန်း ချာအိုကိုဗျင်းကို ဖမ်းဆီးလိုက်တယ်လို့ ကြာသပတေးနေ့က ထိုင်းရဲက အေအက်ဖ်ပီကို အတည်ပြု ပါတယ်။

သူတို့သုံးဦးစလုံးကို အုပ်စိုးသူကို စော်ကားတဲ့ ဥပဒေနှင့် တရားစွဲခဲ့ပါတယ်။ အဲဒီဥပဒေဟာ ဘုရင်စနစ်ကို စော်ကားမော်ကား လုပ်သူတွေကို ထောင်ဒဏ် ၁၅နှစ်အထိချနိုင်တယ်လို့ အေအက်ဖ်ပီကရေးပါတယ်။ သုံးဦးစလုံးကတော့ အပြစ်မရှိကြောင်း ငြင်း ကြပါတယ်လို့ သူတို့ရဲ့ ရှေ့နေကပြောပါတယ်။

ပြီးခဲ့တဲ့လက ဗွီဒီယိုတွေတင်လိုက်တဲ့အချိန်မှာ အန်နီဝတ်က သူတို့ဟာ ထိုင်းရဲ့ အခန်းဆက်ဇာတ်လမ်းတစ်ခုကို ရယ်စရာလုပ် တာဖြစ်ပြီး တော်ဝင်တွေကို စော်ကားတယ်ဆိုတာ ခင်ဗျားတို့စိတ်ထဲထင်တာသက်သက်ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ရိုက်တာ ကရေးပါတယ်။

လာဇာဒိုကဗွီဒီယိုကြောင့်  စိတ်ထိခိုက်ခံစားခဲ့ရတဲ့အတွက် တောင်းပန်ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

တော်ဝင်ကိုစော်ကားတာနှင့်ဆိုင်တဲ့ ထိုင်းဥပဒေဟာ ကမ္ဘာပေါ်မှာ အပြင်းထန်ဆုံးဥပဒေတွေထဲက တစ်ခုလို့ ဘီဘီစီကရေးပါတယ်။

Source: Insider