Published 19 June 2022

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ဒီလာဝဲပြည်နယ်က ရီဟိုဘုတ်ကမ်းခြေကိုသွားရောက်တဲ့ အားလပ်ရက်ခရီးအတွင်း စနေနေ့မှာ ထောက်ခံသူတွေကို တွေ့ဆုံနှုတ်ဆက်ဖို့ သူကိုယ်တိုင်နင်းလာတဲ့စက်ဘီးကို ရပ်လိုက်ပြီး စက်ဘီးပေါ်က အဆင်းမှာ လိမ့်ကျခဲ့ပါတယ်။

သူဟာ ထိခိုက်ဒဏ်ရာရပုံတော့မရှိပါဘူး။ လဲကျပြီးနောက် ချက်ခြင်း ပြန်ထလာပြီး “ ကျွန်တော်ဘာမှမဖြစ်ဘူး” လို့  အသက်၇၉နှစ်အရွယ်ရှိသူကပြောပါတယ်။သတင်းထောက်တွေရှေ့မှောက်မှာမှ ဒီအဖြစ်အပျက် ဖြစ်ခဲ့တာပါ။ ခြေချော်သွားတာလို့ သူကပြောပါတယ်။

စက်ဘီးစီးဦးထုပ်ဆောင်းထားတဲ့ သမ္မတ ဘိုင်ဒင်ဟာ သူစက်ဘီးပေါ်က ခြေချောင်းအိမ်ကလေးကို ဖြုတ်သင့်တယ်လို့ ပြောလိုက်ပါတယ်။

အဲဒီနောက် ဘိုင်ဒင်ဟာ သူစက်ဘီးစီးတာကိုလာအားပေးကြတဲ့  ပြည်သူတွေနှင့် မိနစ်များစွာ အချိန်ပေးစကားပြောခဲ့ပါတယ်။

ဘိုင်ဒင်နှင့် သမ္မတကတော် ဂျီလ်ဘိုင်ဒင်တို့ဟာ ဒီလာဝဲလ်ကမ်းခြေက ဂေါဒွန်ရေကန်အနီးတစ်ဝိုက် နံနက်စောစော စက်ဘီးစီးနင်းတာတွေပြီးစီးခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ရဲ့ မင်္ဂလာသက် ၄၅နှစ် အမှတ်တရပွဲ သောကြာနေ့က ဆင်နွှဲခဲ့ကြပါတယ်။

သမ္မတဟာ ဆေးဝါးကုသစရာမလိုအပ်ပါဘူးလို့ အိမ်ဖြူတော်က သတင်းထုတ်ပြန်ပါတယ်။

Source: Reuters