Published 17 June 2022

မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုန်းအမ်နှင့် အကြီးတန်းအရာရှကြီးတွေဟာ အမျိုးအမည်မသိတဲ့ အူအတွင်းဖြစ်ပွားတဲ့ ရောဂါကူးစက် ပျံ့နှံ့ကူးစက်ခံနေရတဲ့ မိသားစု(၈၀၀)ထံ ကူညီထောက်ပံ့မှုတွေပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက သောကြာနေ့ ကသတင်းထုတ်ပြန်ပါတယ်။ မြောက်ကိုးရီးယားဟာ ကိုဗစ်-၁၉ ကူးစက်မှုတွေနှင့်လည်း လက်ရှိကြုံတွေ့နေရတာဖြစ်ပါတယ်။

ပြင်းထန်တဲ့အူပိုင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်ပွားနေတယ်လို့ မြောက်ကိုးရီးယားက ဒီတစ်ပတ်မှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဘာရောဂါလဲဆိုတာကိုတော့ အသေးစိတ်မပြောပါဘူး။ ဒါပေမယ့် အူပိုင်းဆိုင်ရာဆိုတာ အစာအိမ် အူလမ်းကြောင်းကို ညွန်းဆိုတာဖြစ်ပါတယ်။

“ အရာရှိတွေဟာ ကူးစက်ရောဂါကို ကုသဖို့နှင့် ကန်ဂရောင်းစီရင်စု၊ ဟေဂျူးမြို့မှာရှိတဲ့ ပြည်သူတွေ တည်ငြိမ်တဲ့ဘဝ ရောက်ရှိဖို့ ဆေးဝါးတွေ၊အစားအသောက်တွေနှင့် နေ့စဉ်လိုအပ်တဲ့ အသုံးအဆောင်တွေကိုပြင်ဆင်နေပါတယ်” လို့ ကိုးရီးယား ဗဟိုသတင်းစဉ်က ကြေညာပါတယ်။

ပြည်သူတွေဆင်းရဲဒုက္ခရောက်နေတာကို အမြန်ဆုံး လျော့ပါးသက်သာစေဖို့ အလုပ်မှာ တာဝန်ကျေပွန်ကြဖို့ ခေါင်းဆောင်  ကင်မ်က အရာရှိတွေကို ဆော်ဩလိုက်ပါတယ်။

တောင်ကိုးရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက  ဆိုးလ်အနေနှင့် ကူးစက်ရောဂါကို အနီးကပ်  စောင့်ကြည့်နေပြီး ဝမ်းရောဂါ ဒါမှမဟုတ် အူယောင်ငန်းဖျားလို့ သံသယဖြစ်မိတယ်လို့ ပြောပါတယ်။

ရောဂါဖြစ်ပွားနေတဲ့နေရာဟာ မြောက်ကိုးရီးယားရဲ့ လယ်ယာလုပ်ငန်းအဓိကနေရာတစ်ခုဖြစ်လို့ လက်ရှိအခြေအနေကြောင့် စားနပ်ရိက္ခာပြတ်လတ်မှာကို စိတ်ပူနေကြပါတယ်။

Source: Reuters