Published-24 August 2021

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ရဲ့ ထိပ်တန်းသူလျှိုတစ်ဦးကို တာလီဘန်ခေါင်းဆောင်တွေနှင့် တွေ့ဆုံဖို့  အာဖဂန်ကို စေလွှတ်လိုက်တယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာက သတင်းရေးသားလိုက်တယ်လို့သိရပါတယ်။  အာဖဂန်မှာ စစ်သွေးကြွအုပ်စု အာဏာရယူလိုက်ကတည်းက အဆင့်အမြင့်ဆုံး သံတမန်တွေ့ဆုံမှုလို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတစ်ဦးရဲ့ ပြောစကားကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ရေးသားရာမှာ စီအိုင်အေညွှန် ကြားရေးမှူး ဝီလျံဘန်းဟာ တာလီဘန်ခေါင်းဆောင် အဘ္ဘဒူဂန်နီဘာရာဒါနှင့် တနင်္လာနေ့တုန်းက ကာဘူးမြို့တော်မှာ တွေ့ ဆုံခဲ့တယ်လို့ဖော်ပြပါရှိပါတယ်။  ဘိုင်ဒင်အစိုးရက အမေရိကန်နိုင်ငံသားတွနှင့် အခြားမဟာမိတ်တွေ ကာဘူးလေဆိပ်မှာ ကသောင်းကနင်းဖြစ်နေကြတာကို ကယ်ထုတ်နေချိန်မှာ ယခုတွေ့ဆုံတဲ့ သတင်းပေါ်ထွက်လာတာပါ။

ရိုက်တာသတင်းဌာနက ဒီသတင်းနှင့်ပတ်သက်ပြီး အမေရိကန်က စီအိုင်အေ(ဗဟိုထောက်လှမ်းရေးအေဂျင်စီ)နှင့် အိမ်ဖြူတော်ကို အတည်ပြုချက်တောင်းပေမယ့် ယခုထက်ထိ ပြန်ကြားခြင်းမရှိသေးဘူးလို့ ရိုက်တာက ရေးသားပါတယ်။

Source :Reuters