Published - 24 August 2021
ကိုလံဘီယာပြည်သူတွေဟာ မက်ဒီလင်းမြို့ အက်တမ်နာဆီယို ဂီယာရာဒေါ့ အားကစားကွင်းမှာ ဩဂုတ် ၂၂ရက်က ကျင်းပခဲ့တဲ့ ဆီလက်တာရိုလှည့်လည်ပွဲကို ဆင်နွှဲခဲ့ကြပါတယ်။ ပြည်သူတွေဟာ သူတိုရဲ့ကျောတွေပေါ်မှာ ပန်းအလှပြင်လက်ရာတွေ တင်ပြီး စီတန်းလှည့်လည်ကြတာဖြစ်ပါတယ်။ အဲဒီပွဲတော်ဟာ ဩဂုတ်လတိုင်းမှာ ကျင်းပတဲ့ ပန်းပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်လို့ အေအက်ဖ်ပီက သတင်းပေးပို့ပါတယ်။