Published- 22 August 2021
အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေး ဌာန CDC က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါပြင်းထန်နိုင်တဲ့ အန္တရာယ်ရှိနေတဲ့ ခရီးသွားတွေအနေနှင့် အပျော်စီးသင်္ဘောတွေနှင့် ခရီးထွက်တာကို ရှောင်ကြဉ်ကြဖို့ ဩဂုတ် ၂၀ရက်က ပြောထားပါတယ်။
 
ကာကွယ်ဆေးအပြည့်အဝ မထိုးထားရသေးသူတွေအနေနှင့်လည်း အပျော်စီးသင်္ဘောတွေကို ရှောင်ကြဉ်သင့်တယ်လို့လည်း စီဒီစီက ထပ်ပြောထားပါသေးတယ်။
အဲဒီအပြင် ကာကွယ်ဆေးလုံးဝမထိုးထားရသူတွေဟာ ပိုးစစ်လို့ နဂ္ဂတစ်ထွက်ထာတာတောင် အပျော်စီးသင်္ဘောခရီးကနေ ပြန်လာပြီး အနည်းဆုံး (၇)ရက် ကိုယ့်ကို ကိုယ် သီးသန့်ခွဲခြားနေထိုင်တာပြုလုပ်သင့်တယ်လို့လည်း စီဒီစီက ပြောပါတယ်။
 
- အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေ အများနှင့်အတူ နေတဲ့နေရာတွေမှာ face mask တွေတပ်ထားကြဖို့
- အပျော်စီးသင်္ဘောနှင့် လိုက်မည့်သူတွေလည်း ကာကွယ်ဆေးထိုးထားပြီသားဖြစ်စေ၊ မထိုးရသေးသူဘဲဖြစ်စေ သင်္ဘောပေါ် မတက်မီ တစ်ရက်နေ သုံးရက်အလိုမှာ ကိုဗစ်စစ်ထားသင့်တယ်။ပြန်ရောက်ရင်လည်း ရောက်ပြီး သုံးရက်မှ ငါးရက်အတွင်း စစ်သင့်တယ်လို့ စီဒီစီက ဖြည့်စွက်ပြောထားပါတယ်။
 
အပျော်စီးသင်္ဘောပေါ်မှာ တစ်ဦးနှင့်တစ်ဦး နီးနီးကပ်ကပ်ရှိနေရင် ပိုကူးစက်ဖို့ ပိုလွယ်တယ်။ အပျော်စီးသင်္ဘောပေါ်မှာ ကိုဗစ်ကူးနိုင်ခြေက ပိုများတယ်လို့ စီဒီစီကပြောပါတယ်။
နွေရာသီတစ်လျောက်လုံးမှာ အပျော်စီးသင်္ဘောတွေ ပေါ်က ကိုဗစ်ကူးစက်မှု သတင်းတွေရှိခဲ့ပြီးနောက် စီဒီစီက အခုလို သူတို့ရဲ့ လမ်းညွှန်ချက်တွေကို ထပ်မံဖြည်စွက်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။
Source: Axios