Published 5 June 2022

တရုတ်နိုင်ငံဟာ တနင်္ဂနွေနေ့ကယာဉ်မှူးတွေလိုက်ပါသွားတဲ့ အာကာသယာဉ် ဆိန်းကျိုး-၁၄ ကို ‌အောင်မြင်စွာ လွှတ်တင်ခဲ့ပါတယ်။ အာကာသယာဉ်မှူး(၃)ဦးဟာ ကမ္ဘာပတ်လမ်းကြောင်းက အာကာသစခန်းရှိ ထျင်းဟဲမော်ဂျူးထဲမှာ ခြောက်လကြာနေထိုင်ကြမှာဖြစ်ပါတယ်။

တနင်္ဂနွေနေ့ မနက် ဒေသစံတော်ချိန် ၁၀နာရီ၄၄မိနစ်မှာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ဂိုဘီသဲကန္တာရက ကျိုးချွမ်းဂြိုဟ်တုလွှတင်ရေးစင်တာကနေ ဆိန်းကျိုး-၁၄ကိုသယ်ဆာင်တဲ့ 2F သယ်ဆောင်ရေးဒုံကျည်နှစ်စင်းကို လွှတ်တင်ခဲ့ပါတယ်။

Source CCTV+