Published 5 June 2022

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ဆိပ်ကမ်းမြို့တစ်မြို့က ကွန်တိန်နာဝင်းမှာ မီးအကြီးအကျယ်လောင်ကျွမ်းခဲ့တဲ့ အတွက် အနည်းဆုံး လူ၂၈ဦးသေဆုံးပြီး လူတစ်ရာကျော် ဒဏ်ရာရရှိခဲ့ကြတယ်လို့ အရာရှိတွေနှင့် ဒေသမီဒီယာတွေက တနင်္ဂနွေနေ့က ပြောပါတယ်။

စနေနေ့ည သန်းခေါင်ယံမှာ  ဒတ်ချ်နှင့် ဘင်္ဂလားဒေ့ရှ်ဖက်စပ်တည်ထောင်ထားတဲ့ ဘီအမ်ကွန်တိန်နာဝင်းမှာ  မီးလောင်ကျွမ်းခဲ့ရာမှာည ကွန်တိနာတွေဟာ ဓာတုပစ္စည်းတွေ အပြည့်ထည့်သွင်းထားလို့ ပေါက်ကွဲမှုကြီးတွေဖြစ်ခဲ့ရပါတယ်။ ဘာကြောင့်လောင်ကျွမ်းရတယ်ဆိုတာ မသိရသေးပါဘူး။ အဲဒီကွန်တိန်နာဝင်းဟာ  ဒါကာမြို့တော် အရှေ့တောင်ဘက် ၁၃၄ မိုင်အကွာက စစ်တကောင်းမြို့မှာတည်ရှိပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ မီးသတ်သမား အနည်းဆုံးငါးဦးပါဝင်ခဲ့ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် မီးသတ်နှင့်ပြည်သူ့ကာကွယ်ရေးဌာန ညွှန်ကြားရေးမှူးချုပ်  ဗိုလ်ချုပ် မိန်းအူဒင်က ပြောပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ မီးသတ်သမား ၁၅ဦးပါဝင်ပြီး မီးလောင်ဒဏ်ရာတွေကို ကုသနေရတယ်လို့ သူကဆက်ပြောပါတယ်။

မီးကပျံ့နှံကူးစက်သွားတဲ့အတွက် ကနဦးပေါက်ကွဲမှုဖြစ်ပြီးနောက် ပေါက်ကွဲမှုတွေ ဆက်တိုက်အများကြီးဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။  မီးသတ်သမားတွေကို အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပေါက်ကွဲပစ္စည်းကျွမ်းကျင်သူတွေကို ‌ခေါ်ယူခဲ့ရပါတယ်။ ပေါက်ကွဲမှုတွေကြောင့် အနီးနားက အဆောက်အဦတွေရဲ့ ပြတင်း အစိတ်စိတ်အမွှာမွှာဖြစ်ကုန်ပါတယ်။ လေးကီလိုမီတာအကွာအဝေးရှိခံစားကြရတယ်လို့ ဒေသမီဒီယာတွေက ရေးပါတယ်။

တနင်္ဂနွေအထိ မီးသတ်သမားတွေက မီးကိုထိန်းနိုင်အောင်ကြိုးစားငြှိမ်းသတ်နေရဆဲဖြစ်ပါတယ်။

တနင်္ဂနွေမနက်အထိ သေဆုံးသူဦးရေ ၂၈ ဦးရှိကြောင်း အက်ကတာ ရုပ်သံလိုင်းကသတင်းကြေညာပါတယ်။ သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်လို့ အဲဒီဒေသက ခွဲစိတ်ဆရာဝန်တစ်ဦးကပြောပါတယ်။  သေဆုံးသူတော်တော်များများဟာ ချန်တိုဂရမ်ကောလိပ်ဆေးရုံမှာဖြစ်ကြပြီး ကျန်သူတွေက မီးလောင်တဲ့နေရာကနေ ရရှိတဲ့ အလောင်းတွေဖြစ်ပါတယ်။

ကွန်တိနာတော်တော်များများဟာ ဓာတုပစ္စည်းကွန်တိန်နာတွေဖြစ်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။ ဘင်္ဂလားဒေ့ရှ်ရဲ့ အဓိက ပင်လယ်ဆိပ်ကမ်း စစ်တကောင်းမြို့ရဲ့ ၂၀ကီလိုမီတာအကွာမှာ အဲဒီကွန်တိန်နာဝင်းတည်ရှိတာဖြစ်ပါတယ်။

Source NPR