Published 2 June 2022

ဖေ့စ်ဘုတ်( Meta Platforms)ရဲ့စီးအီးအို မတ်ဇူကာဘတ်နှင့်အတူတွဲပြီး ဖေ့စ်ဘုတ်ကို ကမ္ဘာ့အကြီးဆုံးလူမှုကွန်ယက်ကြီး တစ်ခုအဖြစ် စွမ်းဆောင်ခဲ့တဲ့ ဖေ့စ်ဘုတ်ရဲ့ စီအိုအို (လုပ်ငန်းလည်ပတ်ရေးအရာရှိချုပ်) ရှာရီဆန်းဘတ်ဟာ ကုမ္ပဏီမှာ ၁၄နှစ် အလုပ်လုပ်ပြီးနောက် အလုပ်ထွက်လိုက်ပြီလို့ သူမက ဖေ့စ်ဘုတ်ကနေတစ်ဆင့် ဗုဒ္ဓဟူးနေ့တုန်းက ကြေညာပါတယ်။

အဲဒီကြေညာချက်ကြောင့် အစပိုင်းမှာ ဖေ့စ်ဘုတ်ခ်ရဲ့ ရှယ်ယာက ၄ရာခိုင်နှုန်းကျဆင်းသွားပေမယ့် နာရီအနည်းငယ်အကြာမှာတော့ ဆက်မကျတော့ဘဲ တန်းသွားပါတယ်။

“ ၂၀၀၈ခုနှစ်တုန်းက ဒီအလုပ်စလုပ်တော့ ငါးနှစ်လောက်ပဲလုပ်မယ်လို့ ထင်ခဲ့တာ ၁၄နှစ်ကြာသွားတယ်။ ယခုတော့ ကျွန်မဘဝအတွက် ကဏ္ဍသစ်တစ်ခု ရေးဖို့အချိန်ရောက်ပြီ” လို့ သူမကရေးပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေးအရာရှိချုပ်(စီဂျီအို) ဂျာဗီးယားအိုလီဗန်ဟာ သူမနေရာကို လွှဲပြောင်းတာဝန်ယူမယ်လို့ ဇူကာဘတ်က သီးခြားဖေ့စ်ဘုတ်ပို့စ်မှာ ရေးသားပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိဖွဲ့စည်းပုံအတွင်း ဆန်းဘတ်ရဲ့ အခန်းကဏ္ဏကို သူ့အနေနှင့် အစားထိုးဖို့ မစီစဉ်ခဲ့ဘူးလို့ သူက ထပ်ပြောပါတယ်။

“မက်တာဟာ လုပ်ငန်းတွေအားလုံးနှင့် လည်ပတ်မှုတွေဟာ ကျွန်တော်တို့ထုတ်ကုန်တွေနှင့် ခွဲပြီးဆောင်ရွက်နေတာထက် ထုတ်ကုန်တွေနှင့် လုပ်ငန်းအုပ်စုတွေ ပိုပြီး နီးနီးကပ်ကပ်စုစည်းဖို့ အဆင့်ရောက်ခဲ့ပြီလို့ ကျွန်တော်ထင်ပါတယ်” လို့ ဇူကာဘတ်ကပြောပါတယ်။

အိုလီဗန်ဟာ မက်တာ(ဖေ့စ်ဘုတ်ခ်)နှင့် အလုပ်လုပ်နေတာ ၁၄နှစ်ရှိပြီးဖြစ်ပြီး ဖေ့စ်ဘုတ်ခ်၊အင်စတာဂရမ်၊ WhatsApp  နှင့် မက်ဆင်ဂျာအဖွဲ့တွေကို ဦးဆောင်နေသူဖြစ်ပါတယ်။

ဆန်းဘတ်ထွက်ခွာမှုကို မက်တာခေတ်အဆုံးသတ်မှုလို့ မှတ်ယူရမှာဖြစ်ပါတယ်။ မက်တာဟာ သူ့ပလက်ဖောင်းပေါ်မှာ ကိုယ်ရေးလွတ်လပ်ခွင့် စော်ကားနှောက်ယှက်မှုတွေနှင့် အရှုပ်တော်ပုံအကြောင်းအရာတွေ ပျံ့နှံ့မှုတွေနှင့်ပတ်သက်လို့ နှစ်ပေါင်းများစွာ သိက္ခာကျစရာတွေနှင့် ဖေ့စ်ဘုတ်ခ်သုံးသူတွေ တန့်သွားပြီးနောက် ဟာ့ဒ်ဝဲလ်ထုတ်ကုန်တွေနှင့် တက်တာဗာ့စ်ဆီ ပြောင်းရွှေ့အာရုံစိုက်ခဲ့ပါတယ်။  

ဆန်းဘတ်ဟာ  တည်ထောင်သူ ဇူကာဘတ်ပြီးရင် ဖေ့စ်ဘုတ်ခ်မှာ ဒုတိယနေရာမှာ ရှိသူဖြစ်ပါတယ်။ ဖေ့စ်ဘုတ်က သူ့ကို အလုပ်ခန့်တုန်းက သူ့အသက် ၂၃နှစ်ပဲရှိပါသေးတယ်။ သူမဟာ ကုမ္ပဏီမှာ အထင်ပေါ်ဆုံးအရာရှိကြီးတွေက တစ်ဦးဖြစ်ပြီး  မကြာခဏ ဝေဖန်တိုက်ခိုက်ခံရတဲ့ ကြေညာအခြေပြုစီးပွားရေးပုံစံကို ဦးဆောင်တည်ဆောက်ခဲ့သူဖြစ်ပါတယ်။

သူမဟာ ကုမ္ပဏီက ထွက်လိုက်ပေမယ့် မက်တာဘုတ်အဖွဲ့မှာတော့ ဆက်လက်ပါနေဦးမယ်လို့ ဆန်းဘတ်ကပြောပါတယ်။

အလုပ်ထွက်ပြီးနောက်ဘာလုပ်မှာလဲလို့ ရိုက်တာကမေးတဲ့အခါ သူမက “ အမျိုးသမီးတွေအတွက် ပရဟိတအလုပ်ကို အာရုံစိုက်လုပ်ဆောင်မယ်လို့ပြောပါတယ်။

Source Reuters