#WorldMilitary
Published 2 June 2022

 

အမေရိကန်အစိုးရက MQ-1C Gray Eagle ဒရုန်း ၄ စီးကို ယူကရိန်းသို့ရောင်းချပေးဖို့ စီစဉ်နေကြောင်း သတင်းနီးစပ်သူ ၃ ဦးထံမှသိရှိရပါတယ်။

 

အဆိုပါ ဒရုန်းတွေကို ရုရှားနဲ့ဖြစ်ပွားနေတဲ့စစ်မြေပြင်တွေမှာ အသုံးပြုနိုင်မယ့် Hellfire ဒုံးကျည်တွေတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။

 

ဒီဒရုန်းတွေကို General Atomics စွမ်းအင်ကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပြီး ရောင်းချဖို့ကိစ္စကို လွှတ်တော်က ပိတ်ပင်တာမျိုး ဖြစ်နိုင်ပါသေးတယ်။

 

ရောင်းချဖို့အဆိုကို ပင်တဂွန်မှာရက်သတ္တပတ်ပေါင်းများစွာ ဆန်းစစ်နေပြီး နောက်ဆုံးမိနစ်ရောက်မှ အစီအစဉ်ပျက်သွားတာမျိုး ဖြစ်နိုင်ချေရှိနိုင်သေးကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၂၄ ရက်နေ့က ကျူးကျော်လာတဲ့ရုရှားတပ်တွေကို ယူကရိန်းတိုက ပိုမိုသေးငယ်ပြီး အကွာအဝေးပိုတိုတောင်းတဲ့ မောင်းသူမဲ့လေကြောင်းယာဉ်အမျိုးမျိုးကို အသုံးပြုတိုက်ခိုက်နေခဲ့ပါတယ်။

 

ထိုအမျိုးအစားတွေထဲမှာ AeroVironment RQ-20 Puma AE နဲ့ တူရကီထုတ် Bayraktar-TB2 တို့ ပါဝင်ပါတယ်။

 

အခုရောင်းချမယ့် Gray Eagle ဒရုန်းတွေက နည်းပညာအတော်လေးမြင့်မားနေပြီး သတ်မှတ်ထားတဲ့ တာဝန်ဆောင်တာများအပေါ်မူတည်၍ နာရီ ၃၀ ကျော်ကြာပျံသန်းနိုင်မှာဖြစ်သလို ထောက်လှမ်းရေးအတွက် အချက်အလက်များစွာ စုဆောင်းထားနိုင်ပါတယ်။

 

Gray Eagle ဒရုန်းက အသုံးများတဲ့ Predator ဒရုန်းကို စစ်တပ်ဘက်ကအသုံးပြုတဲ့ပုံစံဖြစ်အောင်ပြုလုပ်ထားပြီး စွမ်းအားမြင့် Hellfire ဒုံးကျည် ၈ စင်းသယ်ဆောင်နိုင်ပါတယ်။

 

အမေရိကန်ရဲ့အဆင့်မြင့်နည်းပညာများဖြင့် စစ်မြေပြင်မှာရုရှားတွေကို ထိထိရောက်ရောက်တိုက်ခိုက်နိုင်မှာဖြစ်တာကြောင့် အခုရောင်းချမှုက အတော်လေးအရေးပါနေပါတယ်။

 

သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့အစိုးရအဖွဲ့က လာမယ့်ရက်များအတွင်း ယူကရိန်းသို စစ်လက်နက်များရောင်းချနိုင်မယ့်အရေးကို လွှတ်တော်ထံအကြောင်းကြားဖို့ရည်ရွယ်ထားပြီး အဲဒီနောက်အများသိအောင်ကြေညာချက်ထုတ်ပြန်ဖို့ မျှော်မှန်းထားကြောင်း အမေရိကန်တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။

 

ယူကရိန်းလုံခြုံရေးအထောက်အပြုဒေါ်လာ ၄၀ ဘီလီယံကို အထမြောက်လာနိုင်တဲ့ ရောင်းချမှုနဲ့ ဒရုန်းလေ့ကျင့်သင်ကြားရေးများအတွက် ရန်ပုံငွေအဖြစ်ဖယ်ထားလိုက်ပါတယ်။

 

"ယေဘုယျအားဖြင့် MQ-1C က Bayraktar-TB2 ထက် ၃ ဆခန့်ပိုလေးပြီး သယ်ဆောင်နိုင်တဲ့တန်ချိန်၊ အကွာအဝေး၊ ခံနိုင်ရည်ရှိမှုတို့မှာ အားသာချက်အသင့်အတင့်ရှိနေပါတယ်" လို့ Vertical Flight Society မှ ဒရုန်းကျွမ်းကျင်ပညာရှင်'ဒန်ဂတ်တင်ဂါ'က ပြောပြပါတယ်။

 

MQ-1C က Bayraktar-TB2 ထက်စာရင် လက်နက်ဒုံးကျည်မျိုးစုံနဲ့လည်း အသုံးပြုနိုင်ပါသေးတယ်။

 

ယူကရိန်းရဲ့ Bayraktar က တူရကီထုတ် ၂၂ ကီလိုဂရမ်ရှိတဲ့ MAM-L ဒုံးကျည်များဖြင့် တပ်ဆင်ပြီး Hellfire ရဲ့အလေးချိန်တဝက်ခန့်ရှိပါတယ်။

 

General Atomics ကသင်ကြားပေးတဲ့ UAV စနစ်လေ့ကျင့်ရေးတွေက လနဲ့ချီအောင်ကြာတတ်ပေမယ့် အတွေ့အကြုံရှိတဲ့ ယူကရိန်းဒရုန်းထိန်းချုပ်သူတွေကိုတော့ ရက်သတ္တပတ်အနည်းငယ်ဖြင့် သင်ကြားပေးဖို့ အဆိုပြုခဲ့ပါတယ်။

 

ဗုဒ္ဓဟူးနေ့ကကြေညာချက်မတိုင်ခင်အထိ ယူကရိန်းအတွက် HIMARS ဒုံးပျံ ၄ ခုရရှိနိုင်ပြီး Javelin တင့်ကားဖျက်လက်နက်နဲ့ Stinger လေယာဉ်ပစ်လက်နက်တွေကိုလည်း မဟာမိတ်နိုင်ငံတွေက ကုန်တင်ကားများဖြင့် ယူကရိန်းသိုနေ့စဉ်နီးပါး ပို့ဆောင်ပေးနေပြီး တကယ်အသုံးဝင်တဲ့ လက်နက်များဖြစ်ကြောင်း ပင်တဂွန်ကပြောကြားထားပါတယ်။

 

Source: Reu
#Yangon_Media_Group