Published 1 June 2022

အိမ်နီးချင်းမလေးရှားနိုင်ငံက စင်ကာပူကို တစ်လ တစ်လ တင်ပို့နေတဲ့ ကြက်သားကောင်ရေ ၃.၆သန်းကို  ရပ်နားထားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့အတွက် စင်္ကာပူနိုင်ငံသားတွေ မပျော်မရွှင်နေကြရပါတယ်။

ပြည်တွင်းမလုံလောက်မှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းချင်လို့ မလေးရှားက ကြက်သားတင်ပို့မှုကို ယခုလိုရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။

မျှော်လင့်မထားတဲ့ မလေးရှားရဲ့လုပ်ရပ်ကြောင့် စင်ကာပူမှာ အံ့အားသင့်ပြီး ထိန်လန့်မှုတွေဖြစ်ကုန်ပါတယ်။ နိုင်ငံပိစိကွေးလေးဖြစ်တဲ့ စင်ကာပူဟာ သူ့ထက်ပိုကြီးတဲ့ အိမ်နီးချင်းမလေးရှားကနေ အစားအစာတွေ အများကြီးတင်ပို့နေရတာပါ။ အဲဒီအထဲမှာ ပြည်တွင်းသုံးစွဲတဲ့ ကြက်သားသုံးပုံတစ်ပုံကို မလေးရှားက တင်သွင်းနေတာပါ။

Source AFP