Published 27 May 2022

တက္ကဆပ် မူလတန်းကျောင်း အစုလိုက်အသတ်ခံနေရစဉ်အတွင်း တပည့်တွေကို ကာကွယ်ပေးရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူရဲကောင်း စတုတ္ထတန်းဆရာမရဲ့ ခင်ပွန်းသည်ဟာ ရုတ်တရက်သေဆုံးသွားကြောင်း မိသားစုဝင်တွေကပြောပါတယ်။ သူ သေဆုံးရတာဟာဘနှလုံးဖောက်ပြန်ပြီးသေဆုံးရတာဖြစ်နိုင်ဖွယ်ရှိပါတယ်။

ဂျိုးဂါရှာဟာ အထက်တန်းကျောင်းတုန်းကတည်းငယ်ရည်းစား ဖြစ်ခဲ့တဲ့ သူ့ဇနီး အိုင်မာဂါရှာရဲ့ အသုဘအခမ်းအနားအတွက် မေ ၂၆ ရက် ကြာသပတေးနေ့က ပြင်ဆင်နေစဉ် ရုတ်တရက်လဲကျသေဆုံးသွားခဲ့တာဖြစ်ပါတယ်လို့ နယူးယောက်တိုင်းမ်စ်က ရေးပါတယ်။

ဆရာမအိုင်မာဂါရှားရဲ့ ညီအစ်မဝမ်းကွဲတော်သူ ဒီဘရာအော်စတင်က သူမထောင်ထားတဲ့ GoFundMe ပေ့ချ်ကနေ “ အရေးပေါ်ကျန်းမာရေးအခြေအနေကြောင့် အိုင်မာရဲ့ ခင်ပွန်းဂျိုးဟာ ဒီမနက်မှာကွယ်လွန်သွားခဲ့ပါပြီ” လို့ ရေးတင်ခဲ့တာပါ။

“ ဂျိုးဟာသူ့ဘဝမှာ ချစ်သူကိုဆုံးရှုံးခဲ့ရလို့  ရင်ကွဲနာကျပြီး သေဆုံးခဲ့တယ်လို့ ကျွန်မထင်ပါတယ်” လို့ သူမက ဖြည့်စွက်ပြောပါတယ်။

ဂါရှားရဲ့ တူဖြစ်သူ ဂျွံန် မာတင်နေ့ဇ်ကလည်း “ ကျွန်တော့် အဒေါ်ရဲ့ခင်ပွန်း ဂျိုးဂါရှာဟာ ပူဆွေးသောကကြောင့် ကွယ်လွန်ခဲ့ပါပြီ” လို့ တွစ်တာမှာရေးပါတယ်။

သူဟာ သူ့ဇနီးအိုင်မာဂါရှားရဲ့ အသုဘအတွက် လွမ်းသူ့ပန်းတွေ သွားပို့ပြီး အိမ်ပြန်အရောက်မှာ နသေဆုံးခဲ့ရတာ လို့ သူက ပြောပါတယ်။

သူတို့လင်မယားဟာ လက်ထပ်ခဲ့တာ ၂၄နှစ်ရှိပြီလို့ ရော့ဘ်မူလတန်းကျောင်း ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။ သူတို့မှာ သားသမီး(၄)ဦးကျန်ရစ်ခဲ့ပါတယ်။

Source CNA