Published 27 May 2022

ကိုးရီးယားရဲ့ K-pop ကြယ်ပွင့်တွေဖြစ်တဲ့ BTS ဟာ လာမယ့်အပတ်ထဲ အမေရိကန်ပြည်ထောင်စု အိမ်ဖြူတော်ကို လာရောက်ပြီး  သမ္မတ ဂျိုးဘိုင်ဒင်နှင့်တွေ့ဆုံဖို့ရှိတယ်လို့  ကြာသပတေးနေ့က အိမ်ဖြူတော်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ အာရှသားတွေနှင့် နွယ်ဖွားတွေကို ဦးတည်နေတဲ့ ရာဇဝတ်မှုခင်းတွေ ပြဿနာကို ဘိုင်ဒင်ထံ တင်ပြကြမယ်လို့ သိရပါတယ်။

ဘိုင်ဒင်ဟာ လာမယ့်အင်္ဂါနေ့မှာ BTS အဖွဲ့ကို လက်ခံတွေ့ဆုံပြီး ပြီးခဲ့တဲ့နှစ်များအတွင်း  ပိုပြီးသိသာထင်ရှားလာတဲ့ အာရှကို မုန်းတီးတဲ့ ရာဇဝတ်မှုခင်းတွေနှင့် ခွဲခြားဆက်ဆံမှုတွေကို ဖြေရှင်းရာမှာ အာရှသားတွေ ကိုယ်စားပြုပါဝင်ရေး ဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

အဖွဲ့ဝင်(၇)ဦးပါဝင်တဲ့ တောင်ကိုးရီးယား ယောကျ်ားလေးတေးဂီတဝိုင်းဟာ သူတို့ရဲ့ ရွှင်မြူးတဲ့သီချင်းတွေနှင့် အကတွေကြောင့် တစ်ကမ္ဘာလုံးမှာ သစ္စာရှိတဲ့ ပရိဿတ်ထုကြီးတစ်ခုရရှိထားပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း IFPI ရဲ့ ကမ္ဘာ့တေးသံသွင်းအနုပညာရှင်ဆုကို (၂)နှစ်ဆက်တိုက်ရရှိထားတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။

K-pop ကြယ်ပွင့်တွေဖြစ်တဲ့ သူတို့အဖွဲ့ BTS ကို ၂၀၁၃ခုနှစ်ကတည်းက လူငယ်တွေကို လုပ်ပိုင်ခွင့်ပေးဖို့ရည်ရွယ်တဲ့ တေးစာသားတွေကို အသုံးပြုပြီး လူမှုလှုံဆော်မှုတွေလုပ်ခဲ့သူတွေအဖြစ်နှင့်လည်း သိကြပါတယ်။

“ ဘိုင်ဒင်နှင့် BTS တို့ဟာ ကွဲပြားခြားနားမှုနှင့်အာလုံးပါဝင်ဖို့၊ပြီးတော့  ကမ္ဘာတစ်လွှားမှာ မျှော်လင့်ယုံကြည်ချက်တွေနှင့် အကောင်းမြင်မှုတွေကို ပျံ့နှံ့စေဖို့  လူငယ်သံအမတ်တွေအဖြစ် BTSရဲ့ ပလက်ဖောင်းကို သုံးဖို့ ကိစ္စတွေကိုလည်း ဆွေးနွေးကြမှာဖြစ်တယ်လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ချက်မှာ‌ ဖော်ပြထားပါတယ်။

Source:Insider