Published: 26 May 2022

ဆီနီဂေါနိုင်ငံ တီဗာဝမ်းမြို့အနောက်ဖက်က ဆေးရုံတစ်ရုံကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းက မီးလောင်ခဲ့ရာ မွေးကင်းစ ကလေးငယ်(၁၁)ဦး သေဆုံးခဲ့ရတယ်လို့ သမ္မတ မစ်ကီဆဲလ်က ပြောပါတယ်။

“အစိုးရဆေးရုံတစ်ရုံရဲ့ မွေးကင်းစ အဆောင်ကို မီးလောင်ခဲ့လို့ မွေးကင်းစကလေးငယ်(၁၁)ဦးမီးလောင်သေဆုံးခဲ့ရတာ သိရလို့ ကျွန်တော်အလွန်ထိခိုက် တုန်လှုပ်ခံစားမိပါတယ်” လို့ သမ္မတဆဲလ်က တွစ်တာမှာ ညသန်းခေါင်မတိုင်ခင် ရေးတင်ခဲ့ပါတယ်။ သူတို့ရဲ့မိခင်တွေနှင့် မိသားစုတွေကို ကျွန်တော်ဝမ်းနည်းစာနာမိကြောင်းပြောပါရစေ လို့လည်း သူက ရေးပါတယ်။

တီဗာဝမ်းရဲ့ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာက မမ်မီးအက်ဒိုးအာဇစ်ဆိုင်ဒါဘက် ဆေးရုံမှာ လျှပ်စစ်ရှော့ ကြောင့် မီးလောင်ခဲ့ရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီး အက်ဒေါင်းလေယီ ဒိုင်အော့ဆားက ပြောပါတယ်။ အဲဒီမွေးဖွားဆောင်က ကလေးငယ်၁၃ဦးမွေးဖွားနိုင်အောင် စီမံထားရှိတာဖြစ်ပါတယ်။

မီးလောင်တဲ့အချိန်မှာ ကလေးငယ်၁၁ဦးရဲ့အသက်ကို သူနာပြုတွေက ကယ်တင်နိုင်ခြင်းမရှိခဲ့ပါဘူး လို့ ဝန်ကြီးကပြောပါတယ်။

Source AFP