Published 26 May 2022

ဘရာဇီးနိုင်ငံ နိုဗာလီမားမြို့က မူလတန်းကျောင်းတစ်ကျောင်းရဲ့ အိမ်သာခန်းတစ်ခန်းထဲကို ပူးမားတောင်ခြင်္သေ့တစ်ကောင် မေ၂၁ ရက်က ရောက်နေခဲ့ပါတယ်။ အဲဒါကြောင့် မီးသတ်သမားတွေဟာ အဲဒီပူးမားခြင်္သေ့ကို သက်ဆိုင်ရာက ရောက်မလာခင် အပြင်မထွက် နိုင်အောင် ပိတ်ဆို့ပေးခဲ့ရပါတယ်။အဲဒီနောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအရာရှိတွေနှင့်အတူ တိရိစ္ဆာန်ဆေးကု ဆရာဝန်  တစ်ဦးရောက်လာပြီး သူ့ကိုစိတ်ငြိမ်ဆေးတိုက်ခဲ့ရပါတယ်။

ဖမ်းမိတဲ့ပူးမားကို အန္တရာယ်မရှိဘဲ တောထဲပြန်လွှတ်ပေးလိုက်တယ်လို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။

Source: AFP