Published 18 April 2022

တွစ်တာရဲ့ စီအီးအိုအနေနှင့် တွစ်တာမှာ အကောင့်တုတွေဟာ ၅ ရာခိုင်နှုန်းထက်နည်းပါးတယ်လို့ သက်သေမပြမချင်း ဒေါ်လာ ၄၀ဘီလီယံနှင့် တွစ်တာကို ဝယ်မယ့်အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့ အီလွန်မတ်စ်က မေလ၁၇ ရက်က ပြောလိုက်ပါတယ်။

တွစ်တာကနေ SEC ကိုပေးပိုတဲ့အချက်အလက်တွေ မှန်ကန်မှုအပေါ်မှာ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကို အခြေခံပါတယ်” လို့ မတ်စ်က တွစ်တာကနေ ရေးခဲ့ပါတယ်။

တွစ်တာကို ဝယ်ယူတာ ဆိုင်းငံ့ထားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မတ်စ်က ပြောခဲ့ပါတယ်။ ကုမ္ပဏီက သူလက်သင့်ခံ ထားတဲ့ အကောင့်တုတွေ  ဘယ်လောက်ရှိနေသလဲဆိုတာ ဆန်းစစ်ကြည့်ရင်း သူကအဲသလိုပြောတာပါ။ SEC (လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင်)ကိုပေးပို့တဲ့ အချက်အလက်တွေမှာ တွစ်တာက ယင်းရဲ့ပလက်ဖောင်းရဲ့ ငါးရာခိုင်နှုန်းထက် နည်းတဲ့ အကောင့်တွေဟာ အကောင့်တုတွေဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

“အကောင့်တု အကောင့်ယောင်တွေဟာ ၂၀ ရာခိုင်နှုန်း..။ တွစ်တာပြောတာထက် လေးဆပိုများတယ်။ ဒီဲထက်ပင်ပိုများ နိုင်တယ်” လို့ မတ်စ်က အင်္ဂါနေ့တုန်းကပြောပါတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းဆိုတာကို သူဘယ်လိုတွက်ချက်ခဲ့တယ်ဆိုတာ ကိုတော့ မတ်စ်က မပြောပါဘူး။

“ မနေ့က တွစ်တာရဲ့စီအီးအိုက အကောင့်တု ငါးရာခိုင်နှုန်းထက်နည်းတာကိုသက်သေပြဖို့ လူသိရှင်ကြား သူငြင်းဆန်ခဲ့တယ်။ သူ သက်သေမပြမချင်း ဒီအရောင်းအဝယ်က ရှေ့တက်မှာမဟုတ်ဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။

“မတ်စ်က အရင်က အကြံပေးခဲ့တဲ့ ကြုံရာ အကောင့် ၁၀၀ကို နမူနာယူစစ်ဆေးပြီး အကောင့်တုအချိုးအစားကိုကြည့်မယ်ဆို  တာ ဘာဖြစ်လို့ အလုပ်မဖြစ်ရတာလဲ “လို့ တွစ်တာစီအီးအို ပါရက်အက်ဂရာဝဲလ်က တနင်္လာနေ့က တွစ်တာမှာပို့စ်တင်ပြီး ရှင်းလင်းခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာ မတ်စ်က poop emoji အရုပ်ကလေးနှင့်ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။

အကောင့်အပိုတွေရဲ့အချိုးကို တွစ်တာက ထောင်ပေါင်းများစွာသော အကောင့်တွေရဲ့ multiple human reviews အပေါ် အခြေခံခန့်မှန်းတွက်ချက်ခဲ့တာဖြစ်တယ် လို့ အက်ဂရာဝဲလ်က ပြောပါတယ်။ တွစ်တာရဲ့ ကုမ္ပဏီတွင်းအဖွဲ့တွေဟာ ကုမ္ပဏီက ငွေကြေးရယူနိုင်တဲ့ နေ့စဉ်သက်ဝင်နေတဲ့ အကောင်းတွေကို ကြုံရာကျရာ နမူနာယူပြီးတွက်ချက်ခဲ့တာလို့လည်း သူကပြောပါတယ်။

မတ်စ်ဟာ အကောင့်တုတွေအပေါ်  သူ့ရဲ့စိတ်ပူပန်မှုကိုသုံးပြီး အရောင်းအဝယ်ကို ဈေးထပ်ဆစ်ချင်ပုံရပါတယ်။

မီယာမီမှာ တနင်္လာနေ့က ပြုလုပ်တဲ့ All In Summit ပွဲမှာ တွစ်တာကို ဈေးထပ်လျှော့ခိုင်းပြီး ပြန်ညှိနှိုင်းဖို့ဆိုတာ မေးစရာ မလိုဘူးလို့ ပြောခဲ့တယ်လို့ ဘလွမ်းဘတ်က သတင်းရေးသားခဲ့ပါတယ်။

Source Insider