Published 18 May 2022
တရုတ်နိုင်ငံဟာ တစ်နိုင်ငံလုံးအဆင့် အကျယ်ပြန်ဆုံး 5G ကွန်ယက်ကြီးကို တည်ဆောက်နေရာမှာ ယခုအခါ 5G ကွန်ယက် စခန်းပေါင်း ၁.၆သန်းနီးပါးကို တရုတ်နိုင်ငံအနှံ့တည်ဆောက်ပြီးဖြစ်ပါတယ်လို့ တရုတ်အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား အထူးအုပ်ချုပ်ခွင့်ရဒေသမှာ အင်္ဂါနေ့ မေလ ၁၇ ရက်နေ့ ကပြုလုပ်တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဆက်သွယ်ရေးနှင့်ပြန်ကြားရေးအဖွဲ့အစည်းနေ့ အခမ်းအနားမှာ တရုတ် စက်မှုနှင့်ပြန်ကြားရေးနည်းပညာ ဒုတိယဝန်ကြီး  ကျန်ယွန်းမင်းက ပြောကြားခဲ့တာပါ။

“ Fixed broadband ကို တစ်စက္ကန့်၁၀၀မီဂါဗိုက်ကနေ ၁၀၀၀မီဂါဗိုက်ကို အဆင့်မြှင့်ပြီးပါပြီ။ ၂၀၁၂ခုနှစ်က optical fiber အသုံးပြုသူအချိုးအစားဟာ ၁၀ရာခိုင်နှုန်းရှိခဲ့ရာက ၂၀၂၁မှာ ၉၄.၃ ရာခိုင်နှုန်းရှိခဲ့ပါပြီ” လို့သူကပြောပါတယ်။

fiber-optic ကွန်ယက်ကို ရွာပေါင်း တစ်သိန်းသုံးသောင်းမှာ ဆောက်လုပ်ပြီးပြီး 4G အခြေစိုက်စခန်းတွေကိုလည်း ရွာပေါင်း ခြောက်သောင်းမှာ တပ်ဆင်ပြီးဖြစ်ကြောင်းနှင့် ကျေးရွာမှာ broadband လွှမ်းခြုံမှုဟာ ၇၀ရာခိုင်နှုန်းအောက်ရှိရာကနေ ရာနှုန်းပြည့်ဖြစ်သွားပြီလို့ သူကပြောပါတယ်။

တရုတ်နိုင်ငံဟာ 5G လို့ခေါ်တဲ့ ပဥ္စမမျိုးဆက်ဆက်သွယ်ရေးနည်းပညာကို ပိုမိုမြင့်မားတဲ့ အမြန်နှုန်း၊ နိမ့်ပါးတဲ့ latency နှင့်  ကြီးမားတဲ့ စွမ်းဆောင်ရည်တွေနှင့်အတူ သယ်ယူပို့ဆောင်ရေး၊ဆေးဝါးကုသမှု၊ပညာရေး၊  ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်းတွေမှာ အသုံးချနေပါတယ်။

သုတေသနနှင့်ဖွံ့ဖြိုးရေး၊ဒီဇိုင်း၊ထုတ်လုပ်ရေး၊ဈေးကွက်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေ လွှမ်းခြုံတဲ့ တရုတ်ရဲ့ အမျိုးသားစီးပွားရေးမှာ အဓိကကျတဲ့ ကဏ္ဍ(၄၅)ခုမှာ 5Gဟာ ပဓာနကျတဲ့ နည်းပညာဖြစ်လာနေတာဖြစ်ပါတယ်။

Source CCTV/CMG