Published 15 May 2022

မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုး)ကို ဆွီဒင်ဝင်ရောက်မယ့် အစိုးရရဲ့အစီအစဉ်ကို စနေနေ့က စတော့ဟုမ်းမှာ ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဆွီဒင်ရဲ့ အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီက တနင်္ဂနွေနေ့မှာ နေတိုးဝင်ဖို့ဆုံးဖြတ်ခဲ့တာနှင့်ပတ်သက်လို့ ရှင်းလင်းတင်ပြဖို့ရှိပါတယ်။

“ "Say no to NATO"ဆိုတဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုက ဆန္ဒပြပွဲကို စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး  အစိုးရရဲ့ တာဝန်ဟာ နိုင်ငံရဲ့လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးကို ကာကွယ်တာဖြစ်သင့်တယ်လို့သူတို့က ပြောပြပါတယ်။ နေတိုးကိုဝင်ရောက်တာဟာ အဲဒီတာဝန်နှင့်ဆန့်ကျင်ပြီး လက်ရှိအခြေအနေကို ပိုမိုတင်းမာစေတယ်လို့ သူတို့ကဆိုပါတယ်။

ွီဒင်ဟာ ၁၉၉၃ခုနှစ်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခုထက်ထိ နေတိုးမဟာမိတ်ထဲမှာ မပါဝင်တဲ့ အီးယူနိုင်ငံတွေက အနည်းငယ်ပဲကျန်ပါတော့တယ်။ ဆွီဒင်ဟာ ဖင်လန်နှင့်အတူနေတိုးကို ဝင်ရောက်လိုက်ပါက ၂၇နိုင်ငံရှိတဲ့အီးယူထဲမှာ နေတိုးမဝင်တာ လေးနိုင်ငံပဲကျန်တော့မှာဖြစ်ပြီး အဲဒီနိုင်ငံတွေက ဩစတြီးယား၊ဆိုက်ပရပ်စ်၊ အိုင်ယာလန်နှင့် မယ်လ်တာတို့ပဲဖြစ်ပါတယ်။

တစ်နည်းအားဖြင့် နေတိုးအဖွဲ့ဝင် ၃၂နိုင်ငံမှာ အီးယူနိုင်ငံ ၂၄နိုင်ငံဖြစ်လာမယ့် သဘောပဲဖြစ်ပါတယ်။

ဆွီဒင်ပါလီမန်က သောကြာနေ့က နေတိုးဝင်သင့် မဝင်သင့် ဆန်းစစ်မှုတွေပြုလုပ်ခဲ့ရာမှာ ပါတီအများစုက နေတိုးဝင်ရောက်ခြင်းဖြင့် နော်ဒစ်နိုင်ငံတစ်နိုင်ငံအနေနှင့် လုံခြုံရေးတိုးတက်လာမယ်လို့ ကောက်ချက်ဆွဲကြပါတယ်။ လက်ဝဲပါတီနှင့် ဂရင်းပါတီတို့ကတော့ အဲဒီကောက်ချက်ကို မထောက်ခံကြပဲရှိခဲ့ပါတယ်။

Source CMG

#Sweden_to_joins_NATO

#Protest_Anti-NATO-in_Sweden

#နေတိုး_ဆွီဒင်