Published 15 May 2022

အသက်၁၈နှစ်အရွယ် လူဖြူလူငယ်သေနတ်သမားဟာ မေလ(၁၄)ရက် စနေနေ့ မွန်းလွဲပိုင်းက နယူးယောက်အထက်ပိုင်း လူမည်းရပ်ကွက်တစ်ခုထဲက ကုန်စုံဆိုင်တစ်ဆိုင်မှာ ပစ်ခတ်ခဲ့ရာ လူ(၁၀)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိသွားပါတယ်။

အဲဒီလူဖြူလူငယ်ဟာ ချေမှုန်းရေးပုံစံရိုင်ဖယ်တစ်လက်နှင့်ဖြစ်ပြီး တစ်ဦးတည်းကျူးလွန်ပုံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ သူ့နေအိမ်ကနေ ဘတ်ဖယ်လိုကို နာရီပေါင်းများစွာ ကားမောင်းလာတာဖြစ်ပါတယ်။ သူဟာ သူ့တိုက်ခိုက်မှုကို အမေဇုန်ကပိုင်တဲ့ တွစ်ချ် Twitch ပလက်ဖောင်းကနေ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခဲ့ပါတယ်။

သေနတ်နှင့်အပစ်ခံရတဲ့သူ ၁၃ဦးမှာ ၁၁ဦးဟာ လူမည်းတွေဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အခြားနှစ်ဦးကတော့ လူဖြူတွေဖြစ်ပြီး ဒါဟာ လူမျိုးရေးပိုင်းချို့ယွင်းမှုလားဆိုတာ မရှင်းလင်းသေးပါဘူး။

တရားရုံးစာရွက်စာတမ်းများအရ သူဟာ နယူးယောက်တောင်ပိုင်းဒေသ ပင်န်စီဗေးနီးယားနယ်စပ်က လူဦးရေ ၅၀၀၀လောက်သာရှိတဲ့ ပေတွန်မြိုမှာနေထိုင်တဲ့  ဂျန်ဒရွန်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။

သူ့ကို ပထမအဆင့် လူသတ်မှုနှင့် ပြည်နယ်တရားရုံးမှာ အမှုဖွင့်လိုက်ပြီး ဒါဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မရှိ ဘဲ အမြင့်ဆုံး ထောင်တစ်သက်တစ်ကျွန်းကျခံနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်လို့ အီရီစီရင်စု ခရိုင်ရှေ့နေ ဂျွန်ဖလင်းက ပြောပါတယ်။  နယူးယောက်မှ သေဒဏ်မရှိပါဘူး။

သူဟာ ဘင်ဟမ်တွန်အနီးက နယူးယောက်ရဲ့ဘရွမ်းကွန်မြူနတီကောလိပ် ကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ကိုမဖမ်းမိခင်မှာ ကိုယ့်ကိုကိုယ်သတ်သေဖို့လုပ်သေးတယ်လို့ ဘတ်ဖယ်လိုပုလိပ်မင်းကြီး ဂျိးဇက် ဂရမ်မက်လျားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

သူဟာ Tops Friendly Markets ရဲ့ ကားရပ်ရာနေရာမှာ လူသုံးဦးကို အရင်ဆုံးပစ်သတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စတိုးဆိုင်လုံခြုံရေးလုပ်နေတဲ့ အငြိမ်းစားရဲအရာရှိနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျည်ကာ အင်္ကျီဝတ်ထားပါတယ်။ သေဆုံးသူ(၁၀)ဦးထဲမှာ အဲဒီလုံခြုံရေးလည်းပါဝင်ပါတယ်။ကျန်(၉)ယောက်က ဈေးဝယ်တွေဖြစ်ပါတယ်။ စတိုးဆိုင်ဝန်ထမ်း(၃)ဦးဟာ ဒဏ်ရာရရှိခဲ့ပြီး သူတို့ဟာ အသက်ရှင်ဖို့များပါတယ်။

သူ့ကိုယ်သူစစ်တပ်ထဲကလိုပုံစံနှင့်” လို့ ဆိုင်မန်နေဂျာ ရွန်နယ်လ်ဟာရစ်က သတင်းစာကိုပြောပါတယ်။ သူဟာ သေနတ်နှင့် အချက်ပေါင်း (၇)လောက်ပစ်ခဲ့တာလို့ သူကဆက်ပြောပါတယ်။

Source Reuters