Published 15 May 2022

အင်ဒိုနီးရှားနိုင်ငံမှာ ဟင်းချက်ဆီဈေးနှုန်းတွေမြင့်တက်လာနေပြီး  ကုန်ဈေးနှုန်းတက်မှုကို ခပ်မြန်မြန်လျှော့ချနိုင်ဖို့ သွင်းကုန်ပိတ်ပင်မှု မလုပ်ဆောင်နိုင်တာကြောင့် လူထုရဲ့ မကျေနပ်မှုတွေရှိလာနေပြီး   သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ထောက်ခံမှုအဆင့်ဟာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးရောက်ရှိနေတယ်လို့ မေ၁၅ရက် တနင်္ဂနွေနေ့ နောက်ဆုံးစစ်တမ်းတစ်ခုအရသိရပါတယ်။

အင်ဒိုနီးရှားရဲ့ pollster Indikator Politik အဖွဲ့အစည်းရဲ့ ထုတ်ပြန်တဲ့ လေ့လာမှုအရ ဂျိုကိုဝီလို့သိထားကြတဲ့ သမ္မတရဲ့ လူထုထောက်ခံမှုအဆင့်ဟာ မေလမှာ ၅၈.၁ ရာခိုင်နှုန်းသို့ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။

ဒီအဆင့်ဟာ ၂၀၁၅ဒီဇင်ဘာနောက်ပိုင်းအနိမ့်ဆုံးဖြစ်ပါတယ်။ အဲဒီတုန်းက လူထုထောက်ခံမှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။

ဇန်နဝါရီကနေ ဧပြီအတွင်း ၁၂မှတ်ကျဆင်းသွားတာဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးအနေနှင့် ပြည်တွင်း ဟင်းချက်ဆီဈေးနှုန်းတွေနှင့် အိမ်ထောင်စုအခြေခံစားကုန်တွေရဲ့ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ကြိုးစားနေရတဲ့ အချိန်နှင့် ပြီးခဲ့တဲ့လက စားအုန်းဆီကို ပြည်ပတင်ပို့မှုပိတ်ပင်တဲ့ အံအားသင့်စရာ ဆုံးဖြတ်ချက်ချအပြီးမှာ ဖြစ်လာခဲ့ရတာပါ။

အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်ပြီး အဲဒီမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာဈေးကွက်ကို ထိတ်လန့် အံအားသင့်သွားစေခဲ့ရပါတယ်။ စားသောက်ကုန်ကရတဲ့ အခွန်ငွေတွေကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီတာနှင့် ပြည်ပပို့တာပိတ်ပင်ထားတာကိုပြန်ရုပ်သိမ်းမယ်လို့ အဲဒီတုန်းက သမ္မတက ပြောခဲ့ပါတယ်။

မေ၅ရက်မှ၁၀ရက်အတွင်း ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ ဂျိုကိုဝီရဲ့ လူထုထောက်ခံမှုကျဆင်းရတာဟာ ဟင်းချက်ဆီဈေးနှုန်းတွေ တက်လာတာနှင့် ငွေကြေးဖောင်းပွမှုတွေ၊ မူဝါဒအရမျှော်မှန်းချက်တွေနနှင့် လက်တွေ့မြေပြင်ဖြစ်ပေါ်နေတာတွေ ကွာဟနေတာတွေနှင့်ဆက်စပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပပို့တာပိတ်လိုက်ပေမယ့် ပြည်တွင်းမှာလည်း ဈေးနှုန်းက သိသိသာသာကျဆင်းခဲ့ခြင်းမရှိလို့ဖြစ်ပါတယ်။

လူပေါင်း၁၂၀၀ကိုမေးမြန်းဆန်းစစ်ခဲ့ရာမှာ အဲဒီထဲက ၉၀ရာခိုင်နှုန်းက ပြည်ပပို့ခြင်းပိတ်တာကို ထောက်ခံကြပြီး ၇၂ ရာခိုင်နှုန်းကျော်က ဟင်းချက်ဆီဈေးနှုန်းဟာ အကုန်အကျမခံနိုင်တဲ့အဆင့်မှာရှိနေသေးတယ်လို့ဆိုကြပါတယ်။

Source Reuters