Published 30 April 2022

ရုရှားသမ္မတဗလာဒီမာပူတင်ကို ကမ္ဘာကြီးက ဆက်ဆံပြောဆိုနိုင်မှာမဟုတ်ဘူးလို့ အမေရိကန်ကပြောပါတယ်။ အင်ဒိုနီးရှားက ပူတင်နှင့် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာဇီလင်စကီးကို နိုဝင်ဘာမှာကျင်းပမယ့် G20ထိပ်သီးအစည်းအဝေးကို ဖိတ်ကြားထားတယ်လို့ပြောကြားပြီးနောက် အိမ်ဖြူတော်က ယခုလိုတုန့်ပြန်တာဖြစ်ပါတယ်။

“ G20 အစည်းအဝေးကို သမ္မတပူတင်တက်ရောက်မှာကို သူ့အနေနှင့်ဆန့်ကျင်တယ်ဆိုတာကို သမ္မတ(ဘိုင်ဒင်)က လူသိရှင်ကြား ပြောကြားခဲ့ပြီးပါပြီ။ ယူကရိန်းတွေတက်မှာကို ဒါမှမဟုတ် G20 တက်ရောက်ဖို့ ဖိတ်ကြားတာကို  ကျွန်မတို့ကြိုဆိုပါတယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးမှူး ဂျနီဖာဆက်ကီက သတင်းထောက်တွေကိုပြောပါတယ်။

Source AFP