Published 13 August 2021
တုပ်ကွေးကာကွယ်ဆေးက ကိုဗစ်-၁၉ ရောဂါလက္ခဏာကို ကာကွယ်ပေးနိုင်မလားဆိုတာ အတိအကျမသိကြရသေးပေမယ့် ကိုရိုနာဗိုင်းရပ်စ်ရဲ့ ပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေကိုတော့ လျှော့ချရာမှာ ကူညီနိုင်ပါတယ်လို့ သုတေသနပြုချက်တစ်ခုက ဆိုပါတယ်။
 
အမေရိကန်လေ့လာသုတေသနပြချက် “ တုပ်ကွေးကာကွယ်ဆေးကိုထောက်ခံနိုင်သည့် သိသာထင်ရှားသည့် တွေ့ရှိမှု” ဆိုတဲ့ လေ့လာမှုအသစ်မှာ တုပ်ကွေးကာကွယ်ဆေးဟာ ကိုဗစ်-၁၉ရဲ့ ပိုပြီးပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက အချို့ကို လျှော့ ချပေးနိုင်တာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
 
အဲဒီတွေ့ရှိချက်ကို မီယာမီတက္ကသိုလ်က သုတေသနမှူးတွေက ပြီးခဲ့တဲ့အပတ်ထဲမှာ အချင်းချင်းသုံးသပ်နိုင်တဲ့ ပလော့စ်ဝမ်းဂျာနယ်ထဲမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ သူတို့ဟာ အစ္စရေးအပါအဝင် နိင်ငံတကာ အချက်အလက်သိမ်းဆည်းစင်တာကနေရရှိတဲ့ ကျန်းမာရေး စောင့်ရှောက်မှုအီလက်ထရွန်းနစ် မှတ်တမ်းတွေကို အခြေခံခဲ့တာလို့ပြောပါတယ်။ နှစ်စဉ်တုပ်ကွေး ကာကွယ်ဆေးထိုးခြင်းဟာ ကိုဗစ်-၁၉ကြောင့်ဖြစ်တဲ့ လေဖြတ်တာstroke ၊ sepsis နှင့် သွေးခဲတာ blood Clots တွေ့ကြုံနိုင်တာတွေကို လျှော့ချပေးနိုင်တဲ့အပြင် ICU ထဲ အရေးပေါ်အခြေအနေ ရောက်သွားနိုင်တဲ့ အခွင့်အလမ်းကိုလည်း နည်းပါးစေနိုင်ကြောင်း တွေ့ရှိရတယ်လို့ သူတို့ရဲ့တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။
 
ဆရာဝန်တွေနှင့် သိပ္ပံပညာရှင်တွေဟာ တုပ်ကွေးကာကွယ်ဆေးထိုးပြီး လူနာတွေနှင့် မထိုးရသေးတဲ့ လူနာတွေရဲ့ ကျန်းမာရေးမှတ်တမ်းတွေကို နှိုင်းယှဉ်လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီတွေ့ရှိချက်အရ နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေးမထိုးသူတွေဟာ ဆေးရုံအရေးပေါ်ဌာနကို ရောက်နိုင်ခြေ ၅၈ရာခိုင်နှုန်း ရှိပြီး အိုင်စီယူထဲရောက်နိုင်ခြေက ၂၀ရာခိုင်နှုန်းပိုရှိကြောင်းတွေ့ရှိကြရပါတယ်။ အဲဒီအပြင် လေဖြတ်ဖို့ ၅၈ရာခိုင်နှုန်း၊ sepsis ဖြစ်ဖို့ ၄၅ ရာခိုင်နှုန်းနှင့် Blood Clotsဖြစ်ဖို့ ၄၀ရာခိုင်နှုန်း ဖြစ်နိုင်ချေရှိနေကြောင်းလည်းတွေ့ရှိရပါတယ်။
 
ဒါပေမယ့် တုပ်ကွေးကာကွယ်ဆေးနှင့် ကိုဗစ်ကြောင့် သေဆုံးမှုတို့ရဲ့ ဆက်နွယ်မှုကိုတော့ သူတို့မတွေ့ကြရပါဘူး။
ဒါပေမယ့် “ရလဒ်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ဒါပေမယ့် သုတေသနမှူးတွေ ကြိုးစားထာသလောက် တကယ်ကို အဓိပ္ပါယ်ရှိနိုင်ပါ့မလား” လို့ တယ်အဗစ်တက္ကသိုလ်ရဲ့ သုတေသနပညာရှင် ဒေါက်တာအိုရင် ကိုဘီလာက ပြောပါတယ်။ ဗိုင်းရပ်စ်ရဲ့ဘေးထွက်ဆိုးကျိုးကို လျော့နည်းသက်သာစေတယ်လို့ပြောတာဟာ ကိုဗစ်မကူးအောင်ကာကွယ်ပေးတာမဟုတ် ဘူးလို့ သူက သတိကြီးကြီးထားပြောပါတယ်။
 
ဘာအီလန်တက္ကသိုလ်က Immunology ဌာနမှူး ပါမောက္ခ ဆီရီလီကိုဟင်ကလည်း ဒီတွေ့ရှိချက်ဟာ စိတ်ဝင်စားဖို့ကောင်းတာထက် ဘာမျှမပိုဘူး” လို့ပြောပါတယ်။
ဖြစ်နိုင်တာကတော့ တုပ်ကွေးကာကွယ်ဆေးဟာ နှစ်တိုင်းထိုးနေတယ်ဆိုရင် ယေဘုယျအားဖြင့် ခုခံအားစနစ်ကို လှုပ်နှိုးပေးလိမ့်မယ်။ အဲဒါကြောင့် ပြင်းထန်တဲ့ရောဂါတွေကို ပိုပြီးတိုက်ခိုက်နိုင်တယ်။ ဒါမှမဟုတ်လည်း ကျယ်ပြန့်တဲ့ ပြန်လည်တုန့်ပြန် ခုခံဆဲလ်တွေကို မြှင့်တင်ပေးနိုင်တယ် လို့တော့သူကပြောပါတယ်။
 
ဘယ်လိုပဲဖြစ်ဖြစ် တုပ်ကွေးကိုကာကွယ်ဖို့ ကာကွယ်ဆေးထိုးတဲ့အလုပ်က ကောင်းတဲ့အလုပ်ပဲ လို့ သူက အဆုံးသတ်ပြောကြားပါတယ်။
 
ဂျေရုစလင်တိုင်းမ်သတင်းစာမှ Could the flu vaccine help ward off serious COVID-19? - new study ဆောင်းပါးကို လိုရင်းကောက်နှုတ်ဘာသာပြန်ဆိုပေးထားတာဖြစ်ပါတယ်။