တောင်ကိုရီးယား-ဩဂုတ်၁၃
ဆမ်ဆောင်းအီလက်ထရွန်းနစ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဂျေဝိုင်လီဟာ လာဘ်ပေး လာဘ်ယူမှု၊ အလွဲသုံးစားမှုတွေနင့် ပြစ်ဒဏ်ချမှတ်ခံထားခဲ့ရာကနေ ယနေ့သောကြာနေ့မှာ ခံဝန်နှင့် လွတ်မြောက်လာကြောင်း ရိုက်တာက သတင်းရေးသားပါတယ်။
 
လီဟာ တောင်ကိုးရီးယား ထိန်းသိမ်ရေးဌာန အပြင်ဘက်မှာ မီးခိုးရင့်ရောင်ဝတ်စုံနှင့် ထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက နောက်ဆုံးထိန်းသိမ်းခံထားရစဉ်ထက် ပိန်လျသွားပုံရပါတယ်။
 
“ ပြည်သူတွေကို ကျွန်တော်က စိတ်ပူအောင်လုပ်ခဲ့မိပါတယ်။ ကျွန်တော် နက်နက်ရှိုင်းရှိုင်း တောင်းပန်ပါတယ်” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။
“ ကျွန်တော့်ကို စိတ်ပူပန်တာ၊ဝေဖန်ပြစ်တင်တာ၊ သောကရောက်တာနှင့် မျှော်လင့်ချက်မြင့်မားကြတာတွေ အားလုံး နားထောင်နေပါတယ်။ ကျွန်တော် အလုပ်ကြိုးစားလုပ်မှာပါ” လို့လည်း သူကပြောပါတယ်။
 
ဆမ်ဆောင်းအီလက်ထရွန်းနစ်ဟာ လီရဲ့ကတိအရ ကုမ္ပဏီရဲ့ အလုပ်သမားသမဂ္ဂလေးခုနှင့် လက်မှတ်ရေးထိုးလိုက်ပြီး အဲဒီ သမဂ္ဂတွေဟာ ရုံးခန်းထောက်ပံ့မှုနှင့် လှုပ်ရှားဆောင်ရွက်မှုတွေ အာမခံမှုရရှိကြမှာဖြစ်ပါတယ်။ ဒါဟာ မှတ်မှတ်သားသား ဖြစ်စရာလုပ်ဆောင်မှုတစ်ခုဖြစ်ပါတယ်။
လီက ၂၀၂၀ မေလတုန်းက ဆမ်ဆောင်းမှာ အလုပ်သမားအခွင့်အရေး တိုးတက်ဖို့ ကတိပေးထားခဲ့တာပါ။ ဆမ်ဆောင်း ဝန်ထမ်း တစ်လှေကြီးဟာ အလုပ်သမား သမဂ္ဂလှုပ်ရှားမှုတွေ ဖျက်ဆီးလုပ်ဆောင်လို့ ဆိုပြီး အပြစ်ပေးခံခဲ့ကြရပါတယ် လို့ ရိုက်တာသတင်းအရသိရပါတယ်။
Source: Reuters