Published 25 April 2022

နိုင်ငံပေါင်း ၁၂ နိုင်ငံက ကလေးသူငယ်တွေအကြားမှာ အမျိုးအမည်မသိ စိုးရိမ်ဖွယ်ရာ အသည်းရောင်ရောဂါဖြစ်ပွားနေပြီး အနည်းဆုံး ကလေးတစ်ဦး သေဆုံးသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

အနည်းဆုံးကလေးပေါင်း ၁၆၉ ဦးမှာ စိုးရိမ်ဖွယ်အသည်းရောဂါတွေဖြစ်လာပြီး အဲဒီအထဲမှာ ဗြိတိန်နိုင်ငံမှာ ကလေး ၁၁၄ ဦးဖြစ်ပွားနေပါတယ်။ အဲဒီအပြင် အမေရိကန်၊စပိန်၊အစ္စရေး၊ဒိန်းမတ်နှင့် အခြားနိုင်ငံတွေမှာလည်း အလားတူရောဂါတွေ ဖြစ်ပွားနေတာတွေ့ရှိရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။

လူနာတွေထဲမှာ တစ်လသားကလေးငယ်ကနေ ၁၆နှစ်အရွယ်အထိ ပါဝင်နေပါတယ်။ အဲဒီအထဲက ကလေး(၁၇)ဦးဟာ အသည်းအစားထိုး ခွဲစိတ်ကုသဖို့လိုအပ်ပါတယ်။

သေဆုံးမှုဖြစ်ခဲ့တဲ့ နိုင်ငံနှင့်ပတ်သက်လို့ အသေးစိတ်ကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မထုတ်ပြန်ပါဘူး။

ရောဂါလက္ခဏာတွေထဲမှာ ဝမ်းလျောတာ၊ပျို့အံတာတွေပါဝင်ပြီး အများစုဟာ အဖျားမရှိကြပါဘူး။

အဲဒီရောဂါဖြစ်ပွားသူတွေအားလုံးမှာ ဖြစ်နေကျ အသည်းရောင်ဗိုင်းရပ်စ်(၅)မျိုးကိုလည်း မတွေ့ရှိရပါဘူး။

ရောဂါဖြစ်ပွားမှု ၇၄မှုမှာ အင်ဒီနိုဗိုင်းရပ်စ်တွေ တွေ့ရှိရပြီး အဲဒီအထဲက ၂၀ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရပါတယ်။ ၁၉ဦးဟာ ကိုရိုနာဗိုင်းရပ်စ်ရော၊အင်ဒီနိုဗိုင်းရပ်စ်ရောတွေ့ရှိရပါတယ်။

ကူးစက်ခံရသူအများစုဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးနှံကြရသေးပါဘူး။ အဲဒါကြောင့်လည်း သူတို့ရဲ့ အသည်းရောင် ရောဂါဟာ ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးလို့ သတ်မှတ်လို့မရနိုင်ပါဘူး။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ယူကေရဲ့ ကျန်းမာရေးဌာနှင့်ယင်းရဲ့ မိတ်ဖက် အဖွဲ့အစည်းတွေနှင့် ပူးပေါင်းဆောင်ရွက်နေတယ်လို့ပြောပါတယ်ခင်ဗျာ

Source CMG