Published 20 April 2022

တရုတ်နိုင်ငံ၊  ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုက တည်ဆောက်တဲ့  တတိယမျိုးဆက်သစ် နျူကလီးယားဓာတ်ပေါင်းဖိုက ထုတ်လုပ်ပေးတဲ့ နျူကလီးယားလျှပ်စစ်ဓါတ်အားပေးစက်ရုံ ပါကစ္စတန်နိုင်ငံမှာ ဧပြီ၁၈ရက် တနင်္လာနေ့က စတင်လည်ပတ်နေပြီဖြစ်ပါတယ်။

ကရာချိယူနစ်(၃) လို့အမည်ပေးထားတဲ့ အဆိုပါစက်ရုံဟာ ဟွာလောင်းဓာတ်ပေါင်းဖိုအသုံးပြုပြီး  ကမ္ဘာအနှံ့ တည်ဆောက်တဲ့  နျူကလီယားဓာတ်အားပေးစက်ရုံတွေထဲမှာ စတုတ္ထမြောက်ဖြစ်ပါတယ်။ကရာချိယူနစ်(၂)နှင့်(၃)တို့ဟာ ဟွာလောင်းဝမ်းက တည်ဆောက်ပေးတာဖြစ်ပြီး ပါကစ္စတန်နိုင်ငံမှာလျှပ်စစ်ဓာတ်အား ၂၀ ဘီလီယံကီလိုဝပ်နာရီ ထုတ်လုပ် ပေးတော့မှာဖြစ်တယ်လို့ တရုတ်အမျိုးသား နျူကလီးယားကော်ပိုရေးရှင်း (CNNC) ကပြောပါတယ်။

ဟွာလောင်းဝမ်းဓာတ်ပေါင်းဖိုရဲ့ ပင်မအစိတ်အပိုင်းတွေအားလုံးကို တရုတ်နိုင်ငံက ထုတ်လုပ်တာဖြစ်ပါတယ်။ ဓာတ်ပေါင်းဖိုရဲ့ ဒီဇိုင်းအရ သက်တမ်းဟာ နှစ်ပေါင်း ၆၀ရှိပြီး ကမ္ဘာ့အန္တရာယ်ကင်းရှင်းရေးစံနှုန်းတွေနှင့် အညီတည်ဆောက်ထားပါတယ်လို့ ကုမ္ပဏီကပြောပါတယ်။

ဒီစီမံကိန်းက ပါကစ္စတန်ရဲ့စီးပွားရေးနှင့်ဆက်စပ်စီးပွားရေးလုပ်ငန်းတွေကို မြှင့်တင်ပေးရာမှာ အကူအညီဖြစ်စေပါလိမ့်မယ်။

ဟွာလောင်းဝမ်းရဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ (၂)ရုံဟာ တရုတ်နိုင်ငံမှာ လည်ပတ်နေတာဖြစ်ပါတယ်။

Source CMG