Published 18 April 2022

ဝိုင်ကလေးတစ်ခွက်နှင့် ညတစ်ညကို လှပအေးချမ်းစွာ ကုန်ဆုံးချင်ပါသလား။

ဝိုင်ဟာ လူတော်တော်များများရဲ့ ပုံမှန်ဘဝအလုပ်တွေနှင့်ခွဲမရတဲ့ အပိုင်းတစ်ပိုင်းဖြစ်နေပါတယ်။

သုသေတနတစ်ခုအရ အမေရိကန်မှာ အရွယ်ရောက်ပြီးသူတိုင်းဟာ တစ်နှစ်ကို ဝို် ၂.၉၅ ဂါလံသောက်သုံးကြတယ်လို့‌ တွေ့ရှိရပါတယ်။

ဒါပေမယ့် ဝိုင်က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။ ဝိုင်ရဲ့အရသာ မကြိုက်လို့ မသောက်ကြသူတွေတင်မကပါဘူး  နှစ်သက်လျှက်နှင့် မသောက်သင့်တဲ့သူတွေရှိနေပါတယ်။

ဘယ်လိုလူတွေ ဝိုင်မသောက်သင့်ပါသလဲ။

၁။ ဆီးချိုရှိသူတွေ

သင့်မှာ ဆီးချိုရှိနေရင် ဝိုင်မသောက်ဖို့ သတိထားတာ အကောင်းဆုံးပါပဲ။ အင်ဗီဂါမယ်ဒီကယ်လ်က ဆရာဝန်တစ်ဦးဖြစ်တဲ့ လင်းန်ပေါ့စတွန်ရဲ့အဆိုအရ  ဝိုင်ဟာ သွေးထဲကသကြားဓာတ်ကို အကြီးအကျယ်သက်ရောက်မှုရှိတယ်လို့သိရပါတယ်။ အထူးသဖြင့် ဗိုက်ထဲမှာ အဆာမရှိဘဲ သောက်ရင် ပိုဆိုးပါတယ်။

“ ဝိုင်သောက်တဲ့အခါ ဆီးချိုရှိတဲ့သူတွေ အထူးသတိထားသောက်သုံးသင့်တယ်” လို့ ပေါ့စတွန်က ပြောပါတယ်။ “ အစာမရှိတဲ့အချိန် အယ်လ်ကိုဟော သောက်သုံးရင် သွေးထဲကသကြားဓာတ်ကို သိသိသာသာ လျှော့ချပစ်လိုက်ပြီး အဲဒါက ဆိုးရွားတဲ့ သွေးချိုကျတာမျိုးဖြစ်တတ်တယ်။ အဲဒါက ဆီးချိုကိုမာကို ဦးတည်သွားစေနိုင်တယ်” လို့ သူကပြောပါတယ်။

၂။စိတ်ငြိမ်ဆေး သို့မဟုတ် အကိုက်အခဲပျောက်ဆေးသုံးနေတဲ့သူတွေ

သင့်ဟာ စိတ်ငြိမ်ဆေးတစ်မျိုးမျိုး ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးသုံးနေရင် ဝိုင်သောက်တာဟာ အန္တရာယ် ရှိတဲ့ အနေအထားဖြစ်ပါတယ်။

“ စိတ်ငြိမ်ဆေးတို့ အကိုက်အခဲပျောက်ဆေးတို့ဆိုတာ စိတ်ကိုထိုင်းမှိုင်းစေတယ်။ ဆိုလိုတာက ဦးနှောက်လှုပ်ရှားမှုကို နှေးကွေးစေတယ်။ အယ်လ်ကိုဟောကလည်း အလားတူပဲဖြစ်တယ်” လို့ ပေါ့စတွန်ကပြောပါတယ်။

၂၀၁၄ခုနှစ်မှာ စီဒီစီရဲ့ သုတေသနပြုချက်အရ opioid အကိုက်အခဲပျောက်ဆေးနှင့်ဆက်စပ်ပြီး အရေးပေါ်အခန်း ရောက်လာသူတွေရဲ့ ၁၈.၅ ရာခိုင်နှုန်းနှင့် သေဆုံးသူတွေရဲ့ ၂၂.၁ ရာခိုင်နှုန်းဟာ အယ်လ်ကိုဟောနှင့်ဆက်စပ်နေတာတွေ့ကြ ရပါတယ်။

၃။ Disulfiram သုံးနေရသူတွေ

အရက်စွဲနေတဲ့သူတွေကိုကုသရာမှာ သုံးတဲ့ disulfiram ဆေးဟာ ဝိုင်နှင့်ပေါင်းလိုက်လျှင် စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးကို ဖြစ်စေပါတယ်။

“ အဲဒီဆေးသောက်ထားတုန်း ခင်ဗျား အယ်လ်ကိုဟောသောက်သုံးရင် ခေါင်းကိုက်တာ၊ပျို့အန်တာ၊မအီမသာဖြစ်တာ၊ အားနည်းတာ၊ အသက်ရှုတာနှင့်နှလုံးခုန်နှုန်းပြောင်းသွားတာတွေ ဖြစ်လာနိုင်ပါတယ်” လို့ ပေါ့စတွန်ကပြောပါတယ်။

၄။ ပန်းနာရင်ကြပ်ရောဂါရှိသူတွေ

သင့်မှာပန်းနာရှိနေရင် ဝိုင်တစ်ခွက် နှစ်ခွက်လောက်သောက်လိုက်ရုံမျှနှင့်  ပန်းနာရောဂါချက်ခြင်းဆိုးရွားလာတာ ဖြစ်လာနိုင်ပါတယ်။

“ ဝိုင်မှာပါတဲ့ sulfite ရဲ့ တုန့်ပြန်လွယ်မှုကြောင့် ပန်းနာသည်တွေမှာ ဆန့်ကျင်ဖက်တုန့်ပြန်မှုတွေ ဖြစ်လာစေတတ်ပါတယ်” လို့ အော့ပ်တီမေးလ်ရဲ့ ဆေးဝါးညွန်ကြားရေးမှူး ဆရာဝန် ခရစ်အဲရေးက ပြောပါတယ်။

Source Eat_This