Published -10 August 2021
ပြင်သစ်နိုင်ငံမှာ တနင်္လာနေ့ကစပြီး ကဖေးဆိုင်၊ စားသောက်ဆိုင်တွေနှင့် ရထားတွေမှာ ကိုဗစ်လက်မှတ်ပြသရတဲ့ စည်းကမ်း သတ်မှတ်ချက်ကို စတင်လိုက်ပါတယ်။ ကိုဗစ်လက်မှတ်စည်းကမ်းကို သမ္မတ အီမန်နူယယ်မက်ခရွန်က ရပ်တည်ကာကွယ်ထားတာတာကြောင့် ကာကွယ်ဆေးထိုးမယ့်သူတွေ များလာမယ်လို့ အစိုးရက မျှော်လင့်ထားပေမယ့် စိတ်ဆိုးမာန်ဆိုးဆန္ဒပြပွဲတွေသာ ပြီးခဲ့တဲ့ရက်သတ္တပတ်များအတွင်း ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။