Published 11 April 2022

တောင်အာဖရိကနိုင်ငံရှိ ကျယ်ပြောလှတဲ့သဘာဝဘေးမဲ့တောကြီးထဲက ခရူဂျာအမျိုးသားဥယျာဉ်ထဲမှာ အသုံးမပြုတော့ဘဲစွန့်ပစ်ထားတဲ့ရထားလမ်းပေါ်ရှိ ရထားတွဲတွေကိုဇိမ်ခံဟိုတယ်အဖြစ်ပြောင်းလဲဆောက်လုပ်လိုက်ပါတယ်။

အဆိုပါမီးရထားဟိုတယ်ကြီးဟာ တံတားတစ်ခုပေါ်မှာ ခုတ်မောင်းသွားလာခြင်းမရှိတော့ဘဲအမြဲရပ်တန့်ထားထာဖြစ်ပြီး လာရောက်လည်ပတ်တဲ့ခရီးသည်တွေကတော့ ရထားပေါ်ကနေ တောရိုင်းထဲရှိတိရိစ္ဆာန်ဥယျာဉ်ကမ္ဘာကို ငေးမောကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

တံတားတစ်နေရာမှာ ရေကန်ငယ်လေးတစ်ခုကိုတည်ဆောက်ထားပြီး ညနေဆည်းဆာချိန်မှာ ကော်ဖီလက်ဖက်ရည်သောက်ရင်း လေညင်းခံအနားယူနိုင်မှာဖြစ်ပါတယ်။

တံတားပေါ်ကကြည့်ရှုရတဲ့မြင်ကွင်းတွေထဲမှာ မျောက်လွှဲကျော်၊ ရေမြင်း၊ ကျားသစ်၊ တောဆိတ်စတဲ့ သတ္တဝါတွေ သူတို့သဘာဝအတိုင်းသွားလာလှုပ်ရှားနေကြတာကို တွေ့မြင်ရပါတယ်။

Source AFP