Published 11 April 2022

အက်ပဲလ်က ယင်းရဲ့ iPhone 13 ကို အိန္ဒိယနိုင်ငံမှာ စတင်ထုတ်လုပ်နေပြီဖြစ်တယ်လို့  ဧပြီ၁၁ရက် တနင်္လာနေ့က ကုမ္ပဏီက ပြောပါတယ်။ အမေရိကန် နည်းပညာဘီလူးကြီးဖြစ်တဲ့ အက်ပဲလ်ဟာ တရုတ်နိုင်ငံရဲ့ ထောက်ပို့ကွင်းဆက်အပေါ် မှီခိုနေရတာကို လျှော့ချတဲ့အနေနှင့် ယခုလို ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ရိုက်တာကရေးပါတယ်။

အက်ပဲလ်ရဲ့ ထိုင်ဝမ်က ထုတ်လုပ်ရေးကန်ထရိုက်တာ Foxconn ရဲ့ အိန္ဒိယပြည်တွင်းက စက်ရုံမှာ အိုင်ဖုန်းတွေ ထုတ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီစက်ရုံဟာ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူးပြည်နယ်  က ဆရီပါရမ်ဘူဒါမြို့မှာတည်ရှိပါတယ်။

အက်ပဲလ်ဟာ တရုတ်နိုင်ငံမှာရှိတဲ့ ယင်းရဲ့ အိုင်ဖုန်းထုတ်လုပ်ရေး အချို့သောနယ်ပယ်တွေကို တရုတ်ကနေ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်နေတဲ့  အိန္ဒိယအပါအဝင် အခြားဈေးကွက်တွေဆီ ရွှေ့ပြောင်းနေပါတယ်။ အက်ပဲလ်ဟာ အိုင်ပက် တက်ဗလက်တွေiPad tablets ကိုလည်း အိန္ဒိယက အဲဒီစက်ရုံမှာ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။

တရုတ်နိုင်ငံကနေ ထုတ်လုပ်မှုတွေကို ခွဲထွက်ထုတ်လုပ်ဖို့ အမေရိကန်အမှတ်တံဆိပ်တွေဟာ ကြိုးစားလာကြတဲ့ အလျောက် အိန္ဒိယနှင့် မက္ကဆီကိုနှင့် ဗီယက်နမ်တို့လို အခြားသော နိုင်ငံတွေဟာ ယင်းတို့ကို ကန်ထရိုက်စနစ်ဖြင့် ထုတ်လုပ်ဖို့ အရေးပါမှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

အက်ပဲလ်ဟာ ၂၀၁၇ခုနှစ်မှာ iPhone SE ကို အိန္ဒိယမှာ ထုတ်လုပ်မှုစတင်ခဲ့ပြီးနောက် iPhone 13 ဟာ စတုတ္ထမြောက်ထုတ်လုပ်တဲ့ အက်ပဲလ်မိုဒယ်လ်ဖြစ်တယ်လို့ ရိုက်တာကရေးသားပါတယ်၊

 Source Reuters