Published 11 April 2022

မူးယစ်ဆေးဝါး ဂိုဏ်းတွေဟာ အန္တရာယ်ရှိလှတဲ့ ဆေးခြောက်သကြားလုံးတွေနှင့် လူငယ်တွေကို ရာဇဝတ်လုပ်ငန်းတွေထဲ သွေးဆောင်ဖြားယောင်းကာ ဆွဲသွင်းနေတယ်လို့  လန်ဒန်ထုတ် The Sun သတင်းစာကရေးသားလိုက်ပါတယ်။

ပြီးခဲ့တဲ့ အပတ်က လန်ဒန်မြို့တော်မှာ အသက်၂၃နှစ်အရွယ် ဒါမီလိုလာ အိုလာကန်မီဟာ “Gummy Bear”မူးယစ်သကြားလုံး စားခဲ့ပြီးနောက် သေဆုံးခဲ့ရပါတယ်။  

မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူတွေဟာ ဆယ်ကျော်သက်အရွယ်တွေနှင့် သူတို့ထက်ပင်ငယ်ရွယ်တဲ့ကလေးငယ်တွေကို ဆေးခြောက်သကြားလုံးတွေ ကျွေးပြီး သူတို့ရဲ့ ရာဇဝတ်ဂိုဏ်တွေထဲ စည်းရုံး ဆွဲသွင်းနေကြတာတွေ့ရတယ်လို့ ဗြိတိန်ထောက်လှမ်းရေးတွေကပြောပါတယ်။

ဝိတ်ခ်ဖီးမှာရှိတဲ့ အိမ်တစ်အိမ်ကနေ မကြာသေးခင်ကပဲ အနောက်ယောက်ရှိုင်းယားရဲတွေက ပေါင်စတာလင်း သုံးသိန်းတန်ဖိုးရှိတဲ့ ဆေးခြောက် စားဖွယ်ရာတွေကို သိမ်းဆည်းရမိခဲ့ပါတယ်။

အဲဒီစားဖွယ်ရာတွေဟာ သကြာလုံးတွေနှင့် ဆင်တူအောင်လုပ်ထားတာဖြစ်ပြီး အရောင်မျိုးစုံနှင့် ထုတ်ပိုးထားပါတယ်။

ပြီးခဲ့တဲ့ခြောက်လတာမျှ ကာလအတွင်း အလားတူတွေ့ရှိမှုမျိုး ၁၅၀ခန့်ကို ရရှိထားတယ်လို့ အရှေ့အင်္ဂလန်အရာရှိတွေက ပြောပါတယ်။

“ ဂိုဏ်းအဖွဲ့တွေဟာ လူငယ်တွေကို ပစ္စည်းပေးပို့တဲ့အလုပ်တွေအပါအဣင် ရာဇဝတ်မှုခင်းတွေထဲ ဖြားယောင်သိမ်းသွင်းနေတာကို ကျွန်တော်တို့ စိတ်ပူပန်မိပါတယ်”လို့ ထောက်လှမ်းရေးအရာရှိတစ်ဦးဖြစ်တဲ့ ကယ်လီဂရေးက ပြောပါတယ်။

Source The Sun