#ထိုသူများတွင်_ပို၍ပြင်းထန်သောနာမကျန်းမှုများနှင့်_ရောဂါလက္ခဏာများပိုများများတွေ့ရဖွယ်ရှိ
------------------------------------------------------------------
Published-9 August 2021
ပူးတွဲဖော်ပြထားတဲ့ ကားချပ်မှာ ကိုဗစ်ကူးစက်ခံရတဲ့သူတွေမှာ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကို မိမိရဲ့ ကာကွယ်ဆေး အခြေအနေ ပေါ်မူတည်ပြီး ပြသထားပါတယ်။ ဒီအချက်အလက်တွေကို ယူကေမှာ လူတစ်သန်းကျော်ကနေ ကိုယ်တိုင်ပြောပြကြတဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာ အခြေအနေတွေကို ခြေရာကောက်တဲ့ ကိုဗစ်ရောဂါလက္ခဏာလေ့လာခြင်း စီမံချက်ကနေ ရရှိတာဖြစ်ပါတယ်။
 
ကာကွယ်ဆေးထိုးပြီးသူတွေမှာ နာမကျန်းတဲ့အခြေအနေပိုပျော့ပြီး ရောဂါသက်သာတာပိုမြန်တယ်
 
အင်္ဂလန်နှင့်စကော့တလန်တို့ရဲ့လေ့လာမှုတွေအရ ဖိုက်ဇာကာကွယ်ဆေးဟာ မူလမျိုးဗီဇကူးစက်မှုကြောင့် ရောဂါလက္ခဏာ ပြသမှုကို ၉၅ရာခိုင်နှုန်းလျော့ချနိုင်ပြီး ဒယ်လ်တာကြောင့်ဆိုရင်တော့ ၈၈ရာခိုင်နှုန်းလျှော့ချပေးပါတယ်။ ပြီးတော့ မည်သည့်ပုံစံနှင့် ဒယ်လ်တာကူးစက်မှုမဆို ၇၉ရာခိုင်နှုန်းလျှော့ချပေးနိုင်ပြီး ဆေးရုံတက်ရတာကိုတော့ ၉၆ရာခိုင်နှုန်းလျှော့ချပေးတယ်လို့ လေ့လာမှုအရတွေ့ရပါတယ်။
 
အဲဒါကြောင့် ကာကွယ်ဆေးထိုးပြီးးသူနှင့် မထိုးရသေးသူတွေအကြား အကြီးမားဆုံးခြားနားချက်ကတော့ ဖျားနာမှု ပြင်းထန်မှုနှင့် ဖျားနာမှုကာလပဲဖြစ်ပါတယ်။ ကာကွယ်ဆေးထိုးပြီးသူတွေဆီမှာ ရောဂါလက္ခဏာ နည်းနည်းသာပြတာ တွေ့ရပြီး အဲဒါကလည်း ကာကွယ်ဆေးမထိုးရသူတွေထက် အချိန်တိုတောင်းပါတယ် လို့ ကိုဗစ်ရောဂါလက္ခဏာလေ့လာခြင်း ဆိုတဲ့ လေ့လာမှုကနေ သိရပါတယ်။
 
ဒယ်လ်တာဟာ အခြားမျိးဗီဇကွဲတွေထက် ပိုပြီးပြင်းထန်တဲ့ နာမကျန်းမှုကို ဖြစ်စေပြီး ကာကွယ်ဆေးတွေဟာ ဆေးရုံတက်ရတာနှင့် သေဆုံးရတာကို ကာကွယ်ပေးနိုင်ဖို့ လိုအပ်လာပါတယ်။ အမေရိကန်မှာ ဆေးရုံတက်သူတွေအားလုံးရဲ့ ၉၇ရာခိုင်နှုန်းဟာ ကာကွယ်ဆေးမထိုးထားတဲ့သူတွေဖြစ်တယ်လို့ စီဒီစီက သိပ်မကြာသေးခင်က ခန့်မှန်းထားပါတယ်။
 
“ ခင်ဗျားက ကာကွယ်ဆေးထိုးထားပြီးသားပဲဖြစ်ဖြစ် မထိုးရသေးဘူးပဲဖြစ်ဖြစ် ခင်ဗျား ဘယ်အတိုင်းအတာအထိ ဖျားနာ မယ်ဆိုတာကို အဲဒါက ဆုံးဖြတ်ပေးနေတယ်” လို့ အမျိုးသားဓာတ်မတည့်မှုနှင့်ကူးစက်ရောဂါဌာနရဲ့ ကာကွယ်ဆေးသုတေ သနစင်တာက လက်ထောက်ညွှန်မှူး ဒေါက်တာ ဘာနေဂရေဟမ်က ပြီးခဲ့တဲ့လကပြုလုပ်ခဲ့တဲ ဆွေးနွေးပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။ “ ခင်ဗျားကူးစက်ခံရနိုင်သလားဆိုတာကိုတော့ ခင်ဗျားပတ်ဝန်းကျင်မှာ ကူးစက်မှုဘယ်လောက်ရှိနေသလဲ ဆိုတာက ဆုံးဖြတ်ပေးတယ်” လို့ သူကပြောပါတယ်။
 
ကာကွယ်ဆေးထိုးခြင်း မထိုးခြင်းနှင့်မဆိုင်ဘဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိုဗစ်ရောဂါလက္ခဏာတွေကတော့ ခေါင်းကိုက်တာ၊ နှာရည်ယိုတာနှင့်လည်ချောင်းနာတာတွေပဲဖြစ်ပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးအပြည်အဝထိုးပြီးသူတွေကတော့ အနံ့ပျောက်တာတွေ ပိုတွေ့ရတတ်ပါတယ်။
 
ကာကွယ်ဆေးမထိုးထားသူတွေမှာ အဖျားပိုတွေ့ရတတ်ပါတယ်။ အဲဒီအပြင် ကာကွယ်ဆေးမထိုးထားသူတွေဆီမှာ ချောင်းဆက်တိုက်ဆိုးတာတွေ တွေ့ရတတ်ပါတယ်။ အဲဒီအပြင် ဆေးအပြည့်ထိုးထားသူတွေထက် တစ်ကြိမ်သာထိုးထားသူတွေမှာလည်း အဲဒါတွေ့ရတတ်ပါတယ်။
 
အသက်ရှုကြပ်တာကတော့ ကာကွယ်ဆေးမထိုးထားရသေးတဲ့သူတွေမှာတောင် အတွေ့များရတာမျိုးမဟုတ်ပါဘူး။ အသက်ငယ်ရွယ်သူတွေဆီမှာ ပြင်းထန်တဲ့ရောဂါလက္ခဏာတွေ့ရခဲပါတယ်။ အခုဆိုလူငယ်တွေကူးစက်မှုက အချိုးအစားတော်တော်ကြီးမားနေပါတယ်။
 
မန်ဆက်ချူးဆက်က ဘန်စတေဘယ်လ်မှာ ဖြစ်ပွားခဲ့တဲ့ ကူးစက်မှုကြီးအပေါ် စီဒီစီရဲ့ လတ်တလော ဆန်းစစ်ချက်အရ ကိုဗစ်ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရသူတွေဆီမှာ အတွေ့များတဲ့ ရောဂါလက္ခဏာတွေကတော့‌ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်ကိုက်ခဲတာနှင့် အဖျားရှိတာ တို့ပဲဖြစ်ပါတယ်။ အဲဒီဒေသမှာ ကာကွယ်ဆေးထိုးပြီးမှ ကူးစက်ခံရသူတွေအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာပြပါတယ်လို့ သိရပါတယ်။
 
Source:Business Insider -The 5 most common COVID-19 symptoms based on your vaccination status, in one chart