Published-7 August 2021
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စလမ်မစ် စစ်သွေးကြွ ငါးဦးကို အထူးသတ်မှတ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်သူများစာရင်းထဲ ထည့်သွင်းလိုက်ပါတယ်။ အဲဒါကြောင့် အမေရိကန်မှာရှိတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုနှင့်အကျိုးစီးပွားတွေ ပိတ်ဆို့ခံရတော့မှာဖြစ်ပါတယ်။
 
အဲသလိုသတ်မှတ်လိုက်တဲ့အတွက် အဲဒီသူငါးဦးနှင့် ငွေကြေးကိစ္စတွေ ဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေနှင့် နိုင်ငံခြားငွေကြေးအဖွဲ့အစည်းတွေ အရေးယူပိတ်ဆို့မှုတွေ ဆက်လာနိုင်ဖွယ်ရှိနေပါတယ်။
 
အဲဒီအထဲမှာ မိုဇမ်ဘစ်နိင်ငံက ISIS အကြီးတန်းစစ်တိုင်းမှူး ဘိုနိမိတ်မက်ချူဒီအိုမာလည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြောပါတယ်။
 
မတ်လတုန်းက ပယ်လ်မာမြို့က အမယူလာဟိုတယ်တိုက်ခိုက်မှုမှာ လူပေါင်းဒါဇင်ကျော် သေဆုံးခဲ့ရတဲ့ ကိစ္စကို အိုမာခေါင်းဆောင်တဲ့ အစွန်းရောက်အုပ်စုက လုပ်ခဲ့ကြတာလို့ ဘလင်ကင်က ပြောပါတယ်။
 
သူဟာ မိုဇမ်ဘစ်နှင့် တန်ဇန်နီးယားတို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူလည်းဖြစ်တယ်လို့ ဘလင်ကင်က ပြောပါတယ်။
 
အခြားလေးဦးကတော့ မာလီအခြေစိုက် အယ်လ်ကေးဒါးအဆက်အနွယ် ဂျာမူးအက်နူဆရက်အယ်လ်အစ္စလမ် ဝေါမူစလင်မင်းအဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင်တွေဖြစ်တဲ့ ဆီဒန်းဟစ်တာနှင့် ဆလမ်းအောင်အယ်လ်ဟန်ဆန်၊ဆိုမာလီယာက အယ်လ်ရှဘက်အဖွဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ အလီမိုဟာမက်ရေ့ချ်နှင့် အက်ဒီကာဒီးယား မိုဟာမက် အက်ဒီကာဒီးယားတို့ဖြစ်ကြပါတယ်။
 
Source: Agencies