Published -7 August 2021

ကိုဗစ်ကူးစက်မှုအန္တရာယ်မြင့်မားနေတဲ့ နိုင်ငံတွေနှင့် ဒေသတွေကနေ စင်္ကာပူကို ဝင်ရောက်မယ့် စင်္ကာပူရဲ့ အလုပ်လုပ်ခွင့်ကတ်ကိုင်ဆောင်ထားသူတွေwork pass holders နှင့်သူတို့ရဲ့မိသားစုတွေဟာ ကာကွယ်ဆေးအပြည့်ထိုးပြီးပြီဆိုရင် ဩဂုတ်၁၀ ရက်ကစပြီး စင်္ကာပူနိုင်ငံကို ဝင်ခွင့်ပြုတော့မယ်လို့သိရပါတယ်။

အန္တရာယ်ကင်းရှင်းပြီး သတ်မှတ်ချက်ကိုက်ညီတဲ့ အဲဒီသူတွေအတွက် ဝင်ခွင့်အတည်ပြုလက်မှတ်တွေ ပြန်လည်ထုတ်ပေး တော့မယ်လို့လည်း စင်္ကာပူနိုင်ငံ လူအင်အားဝန်ကြီးဌာနက သောကြာနေ့မှာ ကြေညာပါတယ်။

အန္တရာယ်မြင့်မားတဲ့နေရာတွေဟာ လောလောဆယ် နယူးဇီလန်၊ဘရူးနိုင်၊တရုတ်ပြည်မကြီး၊ဟောင်ကောင်၊မကာအိုနှင့် တိုင်ဝမ်တို့ကလွဲလို့ အခြားနိုင်ငံတွေ ဒေသတွေ အားလုံး ပါဝင်ပါတယ်။

လာမယ့်သူတစ်ဦးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရေးပေါ်သုံးခွင့်ပြုထားတဲ့ ကိုဗစ်ကာကွယ်ဆေးတစ်မျိုးမျိုးကို လွန်ခဲ့တဲ့ နှစ်ပတ်မတိုင်ခင်က အပြည့်အဝထိုးထားပြီးသူဖြစ်ရပါမယ်။

အဲဒီကာကွယ်ဆေးတွေက ဖိုက်ဇာ၊မိုဒါနာ၊ဆိုင်နိုဗက်၊ဆိုင်နိုဖမ်၊အက်စထရာဇင်နီကာ၊ ဂျွန်ဆင်အင်န်ဂျွန်ဆင်နှင့် ကိုဗစ်ရှီးတို့ ပါဝင်ကြပါတယ်။

လိုအပ်တဲ့အထောက်အထားစာရွက်စာတမ်းမပြနိုင်ရင်တော့ ဝင်ခွင့်ငြင်းပယ်ခံရမှာဖြစ်ပါတယ်။

အလုပ်လုပ်ခွင့်ကတ် အားလုံးကိုင်ဆောင်ထားသူတွေနှင့် သူတို့ရဲ့မိသားစုဝင်တွေဟာ စင်ကာပူမှာ စင်္ကာပူရဲ့ ကျန်းမာရေးဆိုင်ရာ သတ်မှတ်ချက်တွေကို လိုက်နာကြဖို့လိုတယ်လို့ လူအင်အားဝန်ကြီးဌာနက ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ ကာကွယ်ဆေးထိုးထားသူတွေဟာ  စင်္ကာပူနိုင်ငံမှာ နှစ်ပတ်အိမ်မှာနေထိုင်နေရစဉ်အတွင်း သူတို့ရဲ့ ကာကွယ်ဆေးထိုးမှတ်တမ်းတွေကို အမျိုးသားကာကွယ်ဆေး မှတ်ပုံတင်ဌာနမှာ မှတ်ပုံတင်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။

သူတို့ဟာ နိုင်ငံရပ်ခြားက ကာကွယ်ဆေးထိုးမှတ်တမ်းနှင့် ပေါ့စတစ်ဆီရိုလိုဂျီစစ်ဆေးမှု ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ပေးထားတဲ့ ပုဂ္ဂလိက ကျန်းမာရေးဌာနတစ်ခုခုမှာ စစ်ဆေးထားတဲ့ က positive serology test ကို ပြသဖို့ လိုအပ်ပါလိမ့်မယ်။

ဆီရိုလိုဂျီစစ်ဆေးမှုမှာ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ကူးစက်မှု သို့မဟုတ် ကာကွယ်ဆေးကြောင့် ခန္ဓာကိုယ်မှာ ပဋိပစ္စည်းထွက်လာ သလားဆိုတာ စစ်ဆေးတာဖြစ်ပါတယ်။

ကာကွယ်ဆေးထိုးတရားဝင်လက်မှတ်ပေးဖို့ ပျက်ကွက်သူတွေနှင့် ဆီရိုလိုဂျီစစ်ဆေးမှုပျက်ကွက်သူတွေရဲ့ အလုပ်လုပ်ခွင့်ကတ်ကို ဆိုင်းငံ့တာ ဖျက်သိမ်းတာလုပ်ပစ်မယ်လို့လည်း လူအင်အားဝန်ကြီးဌာနက ပြောပါတယ်။

ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံရပ်ခြာလုပ်သားတွေနှင့် ဆောက်လုပ်ရေး၊သင်္ဘောကျင်း၊နှင့် CMP စက်ရုံတွေမှာအလုပ်လုပ်နေကြတဲ့ S pass နှင့် work permit ကိုင်ဆောင်ထားသူတွေဟာ ကာကွယ်ဆေးလက်မှတ်ပြသခြင်းမှ ကင်းလွတ်ခွင့်ရှိပါတယ်။

“ အဲဒီလုပ်သားတွေ ဘေးကင်းကင်းနဲ့ ကိုဗစ်-၁၉ တင်သွင်းလာမယ့် အန္တရာယ်နည်းပါးအောင် တင်းကြပ်တဲ့အစမှအဆုံးတိုင် အန္တရာယ်ကင်းရှင်းရေးစီမံခန့်ခွဲမှုလုပ်ငန်းစဉ်တွေကို အဲဒီကဏ္ဍတွေမှာ စတင်လုပ်ဆောင်နေပါတယ်” လို့ လူအင်အားဝန်ကြီးဌာနက ပြောပါတယ်။

Source: The Straits Times