Published-7 July 2021
ကာကွယ်ဆေးမထိုးထားတဲ့သူတွေဟာ ကာကွယ်ဆေးအပြည့်အဝ ထိုးပြီးသူတွေနှင့် ယှဉ်ရင် ကိုဗစ်-၁၉ ပြန်ပြီး ကူးစက်ခံနိင်ခြေ နှစ်ဆထက်ပိုပြီးရှိနိင်တယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးဌာန (CDC) က ဩဂုတ် ၆ ရက်က ပြောလိုက်ပါတယ်။
 
ဒီတွေ့ရှိချက်ဟာ စီဒီစီရဲ့ထောက်ခံတင်ပြချက်ဖြစ်တဲ့ “ ယခင်က ကိုဗစ်ကူးစက်ခဲ့မှု အခြေအနေ ဘယ်လိုပဲရှိရှိ အရည်အချင်းနှင့်ကိုက်ညီတဲ့သူတွေ ဘယ်သူမဆို ကိုဗစ်-၁၉ာကာကွယ်ဆေးကိုပေးရမယ်” ကို ထောက်ခံပေးနေပါတယ်။
 
ဆီးနိတ်အမတ် ရန်ဒ်ပေါအပါအဝင် အချို့နိုင်ငံရေးသမားတွေက သူတို့ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ယခင်ကူးစက်ခံရပြီးတဲ့နောက် သဘာဝအလျောက် ခုခံအား(ပဋိပစ္စည်း)တွေ ရထားပြီးဖြစ်လို့ ဆိုပြီး အတိတ်တုန်းက ပြောဆိုခဲ့ကြပါတယ်။
 
ယခုလေ့လာမှုအသစ်ဟာ မေလနှင့်ဇွန်လတုန်းက ကိုဗစ်ပြန်ကူးစက်ခံခဲ့ရတဲ့ ကင်န်တပ်ကီက အရွယ်ရောက်ပြီးသူ ၂၄၆ဦးကို လေ့လာသုတေသနပြုခဲ့တာဖြစ်ပါတယ်။အဲဒီသူတွေဟာ ၂၀၂၀တုန်းက ပထမဆုံးကိုဗစ်ကူးစက်ခံထားရသူတွေဖြစ်ပါတယ်။
 
သူတို့ကို အဲဒီအချိန် အဲဒီကာလမှာ (၂၀၂၀တုန်းက) ပေါ့စတစ်ဖြစ်ခဲ့ဘူးတဲ့သူတွေထဲက ကွန်ထရိုးရထားပြီးသား အသက်၊လိင်တူတဲ့ ၄၉၂ဦးနှင့်ယှဉ်ပြီး လေ့လာခဲ့တာဖြစ်ပါတယ်။
အဲဒီလေ့လာမှုအရ ကာကွယ်ဆေးမထိုးထားသူတွေဟာ ဖိုက်ဇာ၊မိုဒါနာနှင့် ဂျွန်ဆင်အင်န် ဂျွန်ဆင် ကာကွယ်ဆေးတွေ အပြည့် ထိုးထားပြီးသူတွေထက် အဆပေါင်း ၂.၃၄ဆ ထပ်အကူးစက်ခံရခြေများနေတာတွေ့ကြရပါတယ်။
 
ကူးစက်ခံနေရတဲ့အချိန်မှာ ပဋိပစ္စည်းထွက်လာပေမယ့် အဲဒါကို သိပ်ကောင်းကောင်းနားမလည်နိုင်ကြသေးပါဘူး။ မျိုးဗီဇကွဲတွေ ထွက်လာရင် ပြန်ကူးနိုင်ကောင်းကူးနိုင်တဲ့အနေအထားရှိတယ်လို့ အဲဒီသုတေသနစာတမ်းထဲမှာ ရေးသားထားပါတယ်။
 
ဥပမာပြောရရင် မူလဝူဟန်မျိုးဗီဇကူးစက်ခံထားရပြီးသူရဲ့ သွေးနမူနာထဲက ပဋိပစ္စည်းဟာ တောင်အာဖရိကမှာ စတွေ့ရတဲ့ ဘီတာမျိုးဗီဇကွဲ အပေါ် ခုခံနိုင်မှု အားနည်းတယ်ဆိုတာကို ဓာတ်ခွဲခန်းစမ်းသပ်မှုတွေအရ သိခဲ့ကြရပါတယ်။
 
အခုလေ့လာမှုမှာ အကန့်အသတ် တစ်ခုတော့ရှိနေပါတယ်။ အဲဒါကတော့ အမေရိကန်ပြည်ထောင်စုမှာ ဒယ်လ်တာ မျိုးဗီဇကွဲက အမေရိကန်ပြည်ထောင်စုမှာ မင်းမူမှုမရှိခင်က သုတေသနလုပ်ခဲ့ကြတာဖြစ်ပါတယ်။
Source:TST