Published 15 March 2022

ရုရှားနှင့်ဆက်ဆံရေးကို ကိုင်တွယ်တဲ့နေရာမှာ အမေရိကန်အနေနှင့် တရုတ်အကျိုးစီးပွားကို လာမထိခိုက်စေဖို့လိုတယ်လို့  တရုတ်နိုင်ငံက အမေရိကန်ကို ပြင်းထန်စွာသတိပေးပြောဆိုလိုက်ပါတယ်။ မော်စကိုကိုတရုတ်ကကူညီနေတာတွေ ရုပ်သိမ်းဖို့ အမေရိကန်က ဖိအားတွေပေးနေချိန်မှာ တရုတ်က ယခုလိုတုန့်ပြန်ခဲ့တာပါ။

ရုရှားဟာ တရုတ်ထံက စစ်ရေးအကူအညီတောင်းခဲ့တယ်လို့ စွပ်စွဲချက်တွေနှင့်ပတ်သက်လို့လည်း အမေရိကန်ဟာ ပရော်ဖက်ရှင်နယ်မပီသ၊ကျင့်ဝတ်နှင့်လည်းမညီ တာဝန်ယူမှုလည်းကင်းမဲ့တဲ့ သတင်းမှားတွေကို ဖန်တီးဖြန့်ချိနေတယ်လို့ပါ တရုတ်က ပြောကြားခဲ့ပါတယ်။

Source AFP