#WorldHealth
Published - 14 March 2022

ကိုဗစ်ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ကုသခံယူနေရတဲ့အပြင် မွေးရာပါနှလုံးရောဂါရှိနေတဲ့လူတွေဟာ အလွန်နေမကောင်းဖြစ်ခြင်းများကြုံတွေ့ရနိုင်ပြီး အသက်အန္တရာယ်လည်းစိုးရိမ်နိုင်ရကြောင်း သုတေသီများကပြောကြားခဲ့ပါတယ်။

ဒီတွေ့ရှိချက်တွေကိုလေ့လာရာမှာ နှလုံးအားနည်းရောဂါရှိပြီး ကိုဗစ်ကူးစက်ခြင်းကြောင့်ဆေးရုံတက်ကုသခံနေရတဲ့လူနာ ၄၂၁ ဦးနဲ့ ပုံမှန်နှလုံးလုပ်ဆောင်ချက်ရှိပြီး ကိုဗစ်ကူးစက်ခြင်းကြောင့်ဆေးရုံတက်ကုသခံနေရတဲ့လူ ၂၃၅,၆၃၈ ဦးတို့ကိုနှိုင်းယှဉ်ခဲ့ကြတာဖြစ်ပါတယ်။

လူနာတွေရဲ့အခြား‌ရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုပါထည့်သွင်းလေ့လာရာမှာ မွေးရာပါနှလုံးရောဂါခံစားရတဲ့လူတွေက နှလုံးရောဂါမရှိတဲ့လူတွေထက် အထူးကြပ်မတ်ကုသခံယူရမှု ၄၀ ရာခိုင်နှုန်း၊ အသက်ရှူကိရိယာလိုအပ်မှု ၈၀ ရာခိုင်နှုန်းနဲ့ ဆေးရုံတက်ကုသရင်းအသက်သေဆုံးမှုက ၂ ဆ အသီးသီးပိုများနေခဲ့ပါတယ်။

ဒီတွေ့ရှိချက်တွေကို Circulation ဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။မွေးရာပါနှလုံးရောဂါနဲ့ဆေးရုံတက်ကုသခံနေရသူများမှာ အခြားကျန်းမာရေးရောဂါတစ်ခုခုရှိနေပါက အသက်အန္တရာယ်ပိုဆိုးလာနိုင်ချေရှိနေပါတယ်။

"မွေးရာဂါနှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အားမြှင့်ကာကွယ်ဆေးတွေထိုးဖို့ လိုအပ်ပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းများကဲ့သို့ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ချက်တွေကို ဆက်လက်လိုက်နာသင့်ပါတယ်" လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ဦးဆောင်လေ့လာသူ'ကယ်ရီဒေါင်းနင်း'က ပြောကြားသွားပါတယ်။
Source: Reuters