Published 5 August 2021
ကိုဗစ်ကာကွယ်ဆေးကို အားမြှင့်ဆေး(booster shot)အဖြစ်ထိုးနှံပေးနေတာတွေကို အနည်းဆုံးစက်တင်ဘာလလောက်အထိ ရပ်ထားပေးဖို့ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုလိုက်ပါတယ်။
 
ဆင်းရဲတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးရဖို့ ခက်ခက်ခဲခဲလုပ်‌ ဆောင်‌နေရတဲ့အချိန်၊ ကျန်းမာရေးလုပ်သားတွေနှင့်သက်ကြီးရွယ်အိုတွေလို့ အန္တရာယ်မြင့်မားနေတဲ့ လူဦးရေတွေကိုတောင် ကာကွယ်ဆေးမထိုးရသေးတဲ့အချိန်မှာ အချို့ နိုင်ငံတွေက ကာကွယ်ဆေးအပြည့်ထိုးပြီးသူတွေကို ထပ်ပြီး အားဖြည့်ဆေး အဖြစ်ထပ်ထိုးပေးနေလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တောင်းဆိုလိုက်တာဖြစ်ပါတယ်။
 
“ ကမ္ဘာကြီးရဲ့ အားအနည်းဆုံးဖြစ်နေတဲ့သူတွေ အခုထက်ထိ ကာကွယ်ဆေးမထိုးရသေးတဲ့အချိန်မှာ ကမ္ဘာလုံဆိုင်ရာ ကာကွယ်ဆေးထောက်ပံ့မှုတွေရဲ့ အများဆုံးကို သုံးပြီးဖြစ်နေတာကို ကျွန်တော်တို့ လက်မခံနိုင်ဘူး။လက်လည်းမခံသင့်ဘူး” လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ်အက်ဖ်ဟန်နွမ်ဂီဘရက်ရက်ဆပ်က ပြောပါတယ်။
 
ယခုအာရုံစိုက်ရမယ့်အရာဟာ လာယ့်စက်တင်ဘာလအကုန် နောက်ဆုံးထားပြီး နိုင်ငံတိုင်းမှာ သူတို့လူဦးရေရဲ့ ၁၀ရာခိုင်နှုန်း ကာကွယ်ဆေးထိုးပြီးဖြစ်ရမယ်ဆိုတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ရည်မှန်းချက်ကို ပြည့်မီဖို့ပဲဖြစ်တယ်လို့ တက်ဒရော့စ်က ပြောပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးတွေအားလုံးရဲ့ ၈၀ရာခိုင်နှုန်းဟာ ဝင်ငွေမြင့်နှင့်အတန်အသင့်ဝင်ငွေတွေရှိတဲ့ နိုင်ငံတွေဆီပဲ ရောက်သွားတာဖြစ်ပါတယ်။
 
အဲဒီနိုင်ငံတွေအားလုံးရဲ့ လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်အောက်ပဲရှိပါတယ်၊
အမေရိကန်အပါအဝင် ချမ်းသာတဲ့နိုင်ငံတွေက အားဖြည့်ကာကွယ်ဆေးထိုးဖို့ လိုမလို ချိန်ဆနေကြပြီး ကမ္ဘာကြီးမှာ ကာကွယ်ဆေးထိုးနိုင်မှုကွာဟချက်ကကြောက်စရာအဆင့်ဖြစ်နေတာကိုဆန့်ကျင်ပြီး အပိုကာကွယ်ဆေးထိုးဖို့ ပြည်တွင်းရဲ့တောင်းဆိုချက်နှင့် ဘယ်လိုချိန်ညှိရမလဲဆိုတာစဉ်းစားနေကြတဲ့အချိန်မှာ အခုလို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တောင်းဆိုမှုပေါ်ပေါက်လာရတာဖြစ်ပါတယ်။
 
“ မှားယွင်းတဲ့ရွေးချယ်မှု”ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တင်ပြနေတာဖြစ်တယ်လို့ အမေရိကန် အိမ်ဖြူတော် သတင်းထုတ် ပြန်ရေးမှူး ဂျင်ဆာကီက ဗုဒ္ဓဟူးနေ့မှာ ပြောလိုက်ပါတယ်။
အမေရိကန်ဟာ ကာကွယ်ဆေးသန်းပေါင်း၁၁၀ကို ကမ္ဘာကြီးကို လှုပြီးပြီ၊အဲဒီအရေအတွက်ဟာ အခြားနိုင်ငံတွေကမျှဝ ပေးနေတာတွေအားလုံးပေါင်းထက် ပိုတယ်လို့ သူမကပြောပါတယ်။
 
ကူးစက်မှုအလွန်မြင့်မားတဲ့ ဒယ်လ်တာမျိုးဗီဇကွဲကြောင့် နိုင်ငံတွေက တတိယမြောက် အားဖြည့်ကာကွယ်ဆေးထိုးဖို့ နိုင်ငံတွေက စဉ်းစားနေကြတာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ချုပ်ရဲ့အကြီးတန်းအကြံပေး ဘရု(စ်)အယ်ဝတ်ဒ်ကတော့ စက်တင်ဘာထက်တာင် တိုးချဲ့သင့် တယ်လို့ပြောပါတယ်။ “ စက်တင်ဘာဆိုတာ လုံလောက်တဲ့အချိန်ဖြစ်ပြီလား၊ လက်ရှိအခြေအနေအရတော့ မဖြစ်နိုင်ဘူး” လို့ သူကပြောပါတယ်။
 
Source: The Washington Post