Published 11 March 2022

ရုရှားရဲ့တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်၁၁ရက်သောကြာနေ့တွင် ခေါ်ယူမယ်လို့  သံတမန်တွေကပြောပါတယ်။ ယူကရိန်းနိုင်ငံအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဇီဝဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ နှင့်ပတ်သက်လို့ ဆွေးနွေးစရာရှိတဲ့အတွက်လို့ ရုရှားကပြောပါတယ်။

အစည်းအဝေးကို မနက်ပိုင်းမှာကျင်းပဖို့ရှိပါတယ်။

“ ယူကရိန်းပိုင်နက်ထဲမှာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ဇီဝလှုပ်ရှားမှုတွေကို ဆွေးနွေးဖို့အတွက် ရုရှားမစ်ရှင်က မတ်၁၁ရက်နေ့မှာ လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ  ရုရှားဒုတိယလက်ထောက်အမြဲတမ်းကိုယ်စားလှယ် ဒီမစ်ထရီပိုလီရန်စကီးက ပြောပါတယ်။

ယူကရိန်းမှာ အမေရိကန်က ဇီဝလက်နက် ဓာတ်ခွဲခန်းတွေ လည်ပတ်ဆောင်ရွက်နေတယ်ဆိုတဲ့ ရုရှားရဲ့ ယခုနောက်ဆုံး စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆိုထားပါတယ်။ ဒါဟာရယ်စရာကြီးလို့ပြောလိုက်ပြီး မော်စကိုဟာ ဓာတုနှင့်ဇီဝလက်နက် တွေအသုံးပြုဖို့ လမ်းကြောင်းခင်းနေတယ်လို့ ပြန်ပြောပါတယ်။

Source Reuters/Agencies