Published 11 March 2022

လွတ်ထွက်လာတဲ့ နွားတစ်ကောင်ဟာ ကာလီဖိုနီးယားအမြန်လမ်းမကြီးပေါ် တက်ပြီး လမ်းသလားနေတဲ့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမြန်လမ်းမကြီးရဲ့ကားအသွားအလာတွေ ရပ်တန့်သွားရပါတယ်။ ယာဉ်မောင်းတွေရော ရဲတွေကပါ နွားကြီးကို လိုက်ဖမ်းကြပေမယ့် ဖမ်းမရခဲ့ပါဘူး။ အဲဒီနောက်   နွားဟာ အနီးနားက ယာကွင်းတစ်ခုထဲ ဝင်သွားပါတော့တယ်။

အဲဒီအခါ ယာကွင်းထဲက ယာသမားတွေက နွားကို ဖမ်းဆီးပေးလိုက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်မောင်းတွေ ရဲတွေထက် ယာသမားတွေက နွားနှင့်ပတ်သက်လို့ အတွေ့အကြုံပိုရှိလို့ဖြစ်ပါတယ်လို့ ဒေသဆိုင်ရာ CBS ရုပ်သံက သတင်းလွှင့်သွားပါတယ်။

Source AFP