Published 9 March 2022

ပိုလန်က တိုက်လေယာဉ်တွေပေးမယ့် ကမ်းလှမ်းချက်ကို အနောက်အင်အားကြီးနိုင်ငံတွေ အရေးတကြီး ဆုံးဖြတ်ပေးကြဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက တောင်းဆိုလိုက်ပါတယ်။

ပိုလန်က ဆိုဗီယက်ခေတ်က MiG-29 ဂျက် တိုက်လေယာဉ်တွေကို အမေရိကန်လေတပ်စခန်းရှိတဲ့ ဂျာမနီနိုင်ငံ ရမ်စတိန်းကနေ တစ်ဆင့် ယူကရိန်းကိုပို့ပေးဖို့ အဆိုပြုချက်ကို အမေရိကန်က အင်္ဂါနေ့တုန်းက ပယ်ချခဲ့ပါတယ်။ ပိုလန်က လေတပ်အနေနှင့် F-16 တိုက်လေယာဉ်တွေကို အစားဖိုးရရှိဖို့ အကြံပြုထားတာဖြစ်ပါတယ်။

Source AFP