Published 3 March 2022
ပြင်သစ်သမ္မတ အီမန်နျူယယ်မာခရွန်က ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် ယူကရိန်းမှာ ရုရှားစစ်ပွဲရပ်သွားအောင် ဆွဲဆောင်သိမ်းသွင်းလို့ရသမျှ ပြောဆိုဆွေးနွေးသွားမယ်လို့ ပြောလိုက်ပါတယ်။

“ကျွန်တော်ဟာ သမ္မတပူတင်နှင့် ကျွန်တော်လုပ်နိုင်သမျှ၊လိုအပ်တဲ့အထိ ဆက်လက်ဆက်သွယ်ပြောဆိုဖို့ ရွေးချယ်ထားပြီဖြစ်တယ်။  သူ့ကို အကြမ်းဖက်မှုတွေကနေ ဖယ်ခွာဖို့ ကျွန်တော် အိတ်သွန်ဖာမှောက်နည်းလမ်းရှာမှာပဲဖြစ်တယ်။ပြင်သစ်အနေနှင့် ပဋိပက္ခတွေ ကူးစက်ပြန့်ပွားတာကို ကာကွယ်ဖို့ ဆွေးနွေးပြောဆိုတာတွေဆက်လုပ်သွားမှာဖြစ်တယ်” လို့ သူက မတ်လ(၂)ရက်ကပြောကြားတဲ့ ရုပ်မြင်သံကြားမိန့်ခွန်းမှာ  ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

Source AFP