Published 3 March 2022

ဖေဖော်ဝါရီ(၂၇)ရက်မှာ အဆုံးသတ်တဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မှုဟာ ၁၆ရာခိုင်နှုန်း ကျဆင်းသွားပြီး သေဆုံးနှုန်းဟာလည်း ၁၀ရာခိုင်နှုန်းကျဆင်းသွားတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပတ်စဉ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီ(၂၁)ရက်မှ (၂၇)ရက်အထိ တစ်ပတ်တာအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒေသကြီး(၆)ခုအတွင်း ကူးစက်မှု အသစ် ဆယ်သန်းကျော်နှင့် သေဆုံးမှုအသစ် ခြောက်သောင်းကျော်ရှိခဲ့ပါတယ်

အဲဒီအထဲမှာ ပစိဖိတ်အနောက်ပိုင်းဒေသတစ်ခုတည်းသာ ကူးစက်မှုမြင့်မားခဲ့ပြီး ၃၂ရာခိုင်နှုန်းတက်ခဲ့တာပါ။ မြေထဲပင်လယ် အရှေ့ပိုင်းဒေသမှာတော့ ကူးစက်မှုတွေက ၃၄ရာခိုင်နှုန်းအထိကျဆင်းခဲ့ရာ ဒေသကြီး(၆)ခုမှာ ကူးစက်မှုအကျဆင်းဆုံး ဒေသဖြစ်ပါတယ်။

ပစိတ်ဖိတ်အနောက်ပိုင်းဒေသဟာ သေဆုံးနှုန်းလည်း ၂၂ရာခိုင်နှုန်းအထိတက်ခဲ့ပြီး အရှေ့ပိုင်းမြေထဲပင်လယ်ဒေသကတော့  သေဆုံးနှုန်း(၄)ရာခိုင်နှုန်းတက်ခဲ့ပါတယ်။တစ်ပတ်အတွင်း ထပ်မံသေဆုံမှုအသစ်တွေဟာ အာဖရိက၊အရှေ့တောင်အာရှ၊ဥရောပနှင့် အမေရိကားဒေသတွေမှာ ကျဆင်းလာခဲ့တာဖြစ်ပါတယ်

Source: CMG