ရောဂါအတန်အသင့်သာဖြစ်သော ကိုဗစ်လူနာများကို ကုသနိုင်သည့် ဆေးအစပ်အတွဲတစ်ခုကို သုတေသနပညာရှင်များက တွေ့ရှိရတယ်လို့ စထရိတ်တိုင်းမ်သတင်းစာက ဩဂုတ်၂ရက်ကဖော်ပြလိုက်ပါတယ်။
 
အဲဒီဆေးအစပ်အတွဲဟာ ဘီတာနှင့်ဒယ်လ်တာမျိုးဗီဇကွဲအပေါ်မှာလည်း ထိရောက်မှုရှိတယ်ဆိုတာတွေ့ရပါတယ်။
 
အဲဒီသုတေသနအဖွဲ့ကို စင်္ကာပူအမျိုးသားတက္ကသိုလ်က ဒစ်ဂျစ်တယ်ဆေးဝါးအင်စတီကျူရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခဟိုက ဦးဆောင်ခဲ့ပါတယ်။ သူတို့ဟာ သူတို့ဟာ အေအိုင်လို့ခေါ်တဲ့ဉာဏ်ရည်တုပလက်ဖောင်းတစ်ခုကိုအသုံးပြုပြီး ဆေးတွေကိုအသက်ရှင်နေတဲ့ ဗိုင်းရပ်စ်တွေကို စစ်ဆေးခဲ့ပါတယ်။ ဆေးတွေကို အကောင်းဆုံးဘယ်လိုပေါင်းစပ်ပြီး ဘယ်လောက် ဆေးပမာဏာက ကိုဗစ်-၁၉ကို ကုသနိုင်တယ်ဆိုတာကို အသက်ရှင်နေတဲ့ ဗိုင်းရပ်စ်တွေနှင့် စစ်ဆေးခဲ့တာဖြစ်ပါတယ်။
 
အဲဒီသုတေသနအဖွဲ့ဟာ ဒီအက်စ်အိုအမျိုးသားဓာတ်ခွဲခန်းများနှင့်အတူတကွပုးပေါင်းပြီးအဲဒီပလက်ဖောင်းကို ပြီးခဲ့တဲ့ဧပြီကတည်းက လုပ်ဆောင်နေကြတာပါ။
ဆေးပမာဏာဟာ ထင်ရာမြင်ရာဖော်ပြလို့ရတာမျိုးမဟုတ်ဘဲ အေအိုင်ကရှာပေးတဲ့ တိကျတဲ့အတိုင်းအတာဖြစ်တယ်လို့ ပါမောက္ခဟိုကပြောပါတယ်။
 
သူတို့ပလက်ဖောင်းကို IDentif.AI လို့အမည်ပေးထားပါတယ်။ သူတို့ဟာ ဗိုင်းရပ်တိုက်ဖျက်ဆေးဖြစ်တဲ့ ရမ်ဒက်ဆီဗီယာ (remdesivir) နှင့် HIV ဗိုင်းရပ်စ်လူနာတွေကို ကုသရာမှာ သုံးခဲ့ကြတဲ့ လိုပင်နာဗီယား(Lopinavir၊ )၊ ရစ်တိုနာဗီးယား (ritonavir) သုံးမျိုးကို သုတေသနလုပ်ငန်းအတွက် အသုံးပြုဖို့သတ်မှတ်ခဲ့ကြပါတယ်။
 
ထိရောက်မှုရှိပေမယ့် အဲဒီဆေးတွေဟာ လွယ်လွယ်မရသလို အိမ်သုံးဆေးဝါးတွေလည်း မဟုတ်ပါဘူး။
ဥပမာပြောရရင် ရမ်ဒက်ဆီဗီယာဟာ ဆေးရုံမှာ IV Drip နှင့်ကုသကြရတာဖြစ်ပါတယ်။
 
အဲဒါကြောင့်ရပ်ကွက်တွေ မှာသုံးဖို့က စိန်ခေါ်မှုတွေဖြစ်နေတယ်လို့ ပါမောက္ခဟိုကပြောပါတယ်။ သူဟာ စင်္ကာပူအမျိုးသားတက္ကသိုလ်ရဲ့ ဇီဝဆေးဝါးအင်ဂျင်နီယာပညာဌာနရဲ့ တွဲဖက်ဌာနမှူးလည်းဖြစ်ပါတယ်။
 
ထိရောက်မှုရှိတဲ့အတွဲတွေထဲကတစ်တွဲက ဗိုင်းရပ်စ်တိုက်ဖျက်ရေးဆေး မိုလ်နုပီရာဗီယာ(molnupiravir)နှင့် ရောင်ရမ်းကျဆေး baricitinib တို့ကိုတွဲသုံးတာဖြစ်ပါတယ်။
အဲဒီဆေးအတွဲအစပ်ဟာ Sars-Cov-2ဗိုင်းရပ်စ်ကို ဓာတ်ခွဲခန်းစစ်ဆေးမှုအရ ကောင်းကောင်းကြီး တားဆီးပေးနိုင်တာတွေ့ရပြီး နောက်ထပ်လူတွေနှင့်ဆက်စမ်းသပ်ဖို့လိုဦးမယ်လို့ ဒေါက်တာဟိုကပြောပါတယ်။
 
“ကိုဗစ်-၁၉ဖြစ်ပွားလေ့ရှိတဲ့ရောဂါအခြေအနေတစ်ခုကို စင်္ကာပူက ဦးတည်သွားတဲ့အခါ အခုတွေ့ရှိမှုဟာ အချိန်ကိုက်ဖြစ်ပါတယ်။ အဲဒါကြောင့် အိမ်မှာပြန်လည်သက်သာလာတဲ့ ဒါမှမဟုတ် ရပ်ရွာကုသစောင့်ရှောက်ရေးဌာနတွေမှာရှိနေတဲ့ လူနာတွေကို ဖြည်းဖြည်းချင်းပေးလို့ရမယ့် ဆေးအတွဲအစပ်ကုသမှုကို ကျွန်တော်တို့ရှာဖွေလုပ်ဆောင်နေတာပါ” လို့သူကပြောပါတယ်။
 
အချို့အတွဲအစပ်တွေကလည်း ဆေးရုံတက်နေရတဲ့လူနာတွေအတွက် သင့်တော်ပါလိမ့်မယ်လို့သူကပြောပြီး ဆေးရုံပြင်ပမှာရှိတဲ့ အပြင်ဆေးခန်းတွေနှင့်ပိုလီကလင်းနစ်တွေအနေနဲ့ ဒီကုသမှုတွေကို လွှဲပေးနိုင်လိမ့်မယ်လို့လည်း ဖြည်စွက်ပြောပါတယ်။
 
သူတို့ဟာ ကင်ဆာဆေးတွေအပါအဝင်ဆေးစုစုပေါင်း၁၂မျိုးကို စမ်းသပ်နေပြီး ကိုဗစ်ဗိုင်းရပ်စ်အပေါ် ထိရောက်မှုအတိုင်းအတာအရ အဆင့်တွေခွဲထားတယ်လို့သိရပါတယ်။
သူတို့အဖွဲ့ဟာ သုံးပတ်အတွင်းမှာ molnupiravir-baricitinib ဆေးအစပ်အတွဲကို ကုသဖို့ဖြစ်နိုင်တဲ့ဆေးအစပ်အတွဲ အဖြစ် သတ်မှတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ဒါပေမယ့် ကိုဗစ်-၁၉ ရောဂါအဆင့်အားလုံးကို ဒီဆေးအတွဲက ထိရောက်မှုရှိကြောင်းပြသနိုင်တဲ့ ဆေးခန်းစမ်းသပ်မှုတွေကနေ ရမယ့် အချက်အလက်တွေမရှိသေးဘူးလို့ အမျိုးသားတက္ကသိုလ်ဆေးရုံက ကူးစက်ရောဂါဌာနရဲ့ အကြီးတန်းအကြံပေး ဒေါက်တာလူးဝစ်ချိုင်းက သတိထားပြောပါတယ်။
 
အချို့ဆေးတွေက ကိုဗစ်ဗိုင်းရပ်စ်အရေအတွက်ကိုလျှေဦ့ချနိုင်ပေမယ့် ရောဂါဖြစ်မှုအစဉ်ကြီးကို နှေးကွေးပေးတာ ဒါမှမဟုတ် သေဆုံးတာကို ကာကွယ်ပေးတာတော့ လုပ်နိုင်မယ့်ပုံမရှိသးဘူး လို့ သူကပြောပါသေးတယ်။
 
Molnupiravir ဆေးကိုယ်၌က sars-CoV-2 ဗိုင်းရပ်စ်ကိုသာမက ဘီတာနှင့်ဒယ်လ်တာ မျိုးဗီဇကွဲတွေအပေါ် ထိရောက်မှုရှိတယ်လို့ DSO ရဲ့ ကာကွယ်ရေးဆးပညာနှင့် ပတ်ဝန်းကျင်သုတေသနအင်စတီကျူရဲ့ ဓာတ်ခွဲခန်းဆိုင်ရာညွှန်ကြားရေးမှူး ဒေါက်တာကွန်ရက်ဒ်ချန်းက ပြောပါတယ်။
 
ဒါတွေဟာ ကျောရိုးဆေးဝါးတွေဖြစ်ပြီး အဲဒီကနေ များစွာသော ဆေးအစပ်အတွဲတွေလုပ်နိုင်မှာဖြစ်တယ်လို့ သူကပြောပါတယ်။ “ ဘာဖြစ်လို့လဲဆိုတော့ အမျိုးမျိုးသောဗီဇကွဲတွေတစ်လျောက် ထိန်းသိမ်းထားတဲ့ ဗိုင်းရပ်စ်ရဲ့ အစိတ်အပိုင်းကို ဆေးဝါးက ကြားဖြတ်ပေးလိုက်တာပါ။ အထူးသဖြင့် ပုံတူပွားဖို့အတွက် မျိုးဗီဇပစ္စည်းကို ပုံကူးပွားပေးနေတဲ့ အင်ဇိုင်းပေါ့” လို့ သူကဖြည့်စွက်ပြောကြားလိုက်ပါတယ်။
 
Source: The Straits Times