Published-3 August 2021
တိုကျိုဩဂုတ်၃-
ဂျပန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် နယ်ခြားထိန်းချုပ်ရေးအစီအမံတွေကို လိုက်နာခြင်းမရှိတဲ့ သူတွေကို လူသိရှင်ကြား အရှက်ရအောင်စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ ရိုက်တာသတင်းဌာနက သတင်းရေးသားပါတယ်။ နိုင်ငံခြားကပြန်လာသူ (၃)ဦးဟာ ကွာရန်တင်းစည်းကမ်းတွေကို ချိုးဖောက်ခဲ့လို့ သူတို့ရဲ့နာမည်တွေကို ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
 
ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက တနင်္လာနေ့မှာပြောကြားတာကတော့ ဂျပန်နိုင်ငံသားတွေဖြစ်တဲ့ သူတို့သုံးဦးဟာ နိုင်ငံခြားကပြန်လာပြီး သက်ဆိုင်ရာကို ဆက်သွယ်ဖို့ကို ရှောင်ရှားခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
 
တစ်ခါမျှမကြေညာစဖူး အဲသလိုကြေညာလိုက်တာကြောင့် တွစ်တာအသုံးပြုသူတွေဟာ သူတို့(၃)ဦးရဲ့ အမည်၊အလုပ်အကိုင်၊နေရပ်အသေးစိတ်တွေအပေါ် အမျိုးမျိုးထင်မြင်ချက်ပေးသူတွေ နှင့် ပျာယာခတ်ကုန်ပါတယ်။
 
ဂျပန်နိုင်ငံသားတွေအပါအဝင် နိုင်ငံခြားကပြန်လာသူအားလုံးဟာ မိမိနေအိမ်တွေမှာပဲ နှစ်ပတ်ကွာရန်တင်းလုပ်ဖို့ ဂျပန်က ခရီးသွားတွေအားလုံးကိုပြောထားပါတယ်။ ကွာရန်တင်းနေထိုင်တုန်းမှာ သူတို့ဟာ သူတို့နေထိုင်ရာကို ခြေရာခံနိုင်တဲ့ စမတ်ဖုန်းအက်ပလီကေးရှင်းကိုအသုံးပြရန်နှင့် သူတို့ရဲ့ကျန်းမာရေးအခြေအနေတွေကို သတင်းပို့ဖို့လည်းလိုအပ်တဲ့ အကြောင်းသတင်းကရေးသားထားပါတယ်။
 
Source: Reuters