#WorldHealth
Published - 1 March 2022
ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ပွားပြီး ဆေးရုံတက်ကုသခံယူရတဲ့လူနာတွေမှာ ဆီးချိုရောဂါဖြစ်ပေါ်လာတတ်ပေမယ့် အချိန်ကြာလာရင် သွေးတွင်းသကြားဓာတ်ပမာဏ ပုံမှန်ပြန်ဖြစ်သွားတာမျိုးတွေ့ရတတ်ကြောင်း လေ့လာချက်အသစ်မှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံယူရပြီး ဆီးချိုလက္ခဏာပေါ်ပေါက်လာတဲ့လူနာ ၅၉၄ ဦးကို သုတေသနပညာရှင်တွေလေ့လာခဲ့ကြရာ အရင်ကဆီးချိုရောဂါမဖြစ်ဖူးတဲ့သူ ၇၈ ဦးပါဝင်လာပါတယ်။

အရင်တည်းက ဆီးချိုရောဂါရှိနေခဲ့သူတွေနဲ့ယှဉ်ရင် လက်ရှိအချိန်မှဆီးချိုလက္ခဏာပေါ်လာတဲ့သူတွေမှာ ကိုဗစ်ရောဂါပြင်းထန်တတ်ပေမယ့် သွေးတွင်းသကြားဓာတ်လွန်ကဲခြင်းကတော့ သိပ်ပြီးဆိုးရွားလေ့မရှိပါဘူး။

ကိုဗစ်ရောဂါဖြစ်ပွားခြင်းကနေ ဆီးချိုလက္ခဏာပေါ်လာတဲ့သူ ၄၀ ရာခိုင်နှုန်းက ဆေးရုံဆင်းပြီးတစ်နှစ်ခန့်ကြာတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏက ပုံမှန်ပြန်ရောက်သွားကြောင်း သုတေသီတွေက ဆီးချိုရောဂါဆိုင်ရာဂျာနယ်မှာ ဖော်ပြခဲ့ကြပါတယ်။

"ကိုဗစ်ရောဂါရဲ့ ပြင်းထန်တဲ့သက်ရောက်မှုကြောင့် ဆီးချိုလက္ခဏာပေါ်ပေါက်လာခြင်းက ခဏတာအခြေအနေပြောင်းလဲတာမျိုး ဖြစ်နိုင်ပါတယ်" လို့ ဘော့စ်တွန်ရှိ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ ဒေါက်တာ'ဆာရာခရွမ်မာ'က ရေးသားဖော်ပြထားပါတယ်။

"အင်ဆူလင်ချို့တဲ့ခြင်းကနေ ဆီးချိုရောဂါပေါ်လာတတ်ပေမယ့် အမြဲတမ်းဖြစ်သွားတာမျိုးမဟုတ်ပါဘူး။ ဆေးကုသခံယူခြင်း ဒါမှမဟုတ် အင်ဆူလင်ပေးခြင်းတို့ဖြင့် ဆီးချိုလက္ခဏာသက်သာစေပါတယ်။ ဒါ့အပြင် ဆီးချိုလက္ခဏာတွေ ဘယ်အချိန်လောက်ကျရင် သက်သာသွားသလဲဆိုတာကို ဆရာဝန်တွေအနေနဲ့ အနီးကပ်‌စောင့်ကြည့်နေဖို့လိုပါတယ်" လို့ 'ခရွမ်မာ'က ရှင်းလင်းပြထားပါတယ်။
Source: Reuters