Published 21 February 2022

အီရန်စစ်တပ် တိုက်လေယာဉ်တစ်စီးဟာ တနင်္လာနေ့က အနောက်မြောက်ပိုင်းက တာဘရစ်ဇ်မြို့ လူနေရပ်ကွက်တစ်ခုအပေါ် ပျက်ကျခဲ့တဲ့အတွက် လေယာဉ်အမှုထမ်းနှစ်ဦးအပါအဝင် လူ(၃)ဦးသေဆုံးခဲ့ရပါတယ်လို့ နိုင်ငံပိုင် ရုပ်သံက သတင်းထုတ်လွှင့်ပါတယ်။

 လေယာဉ်ဟာ ကျောင်းတစ်ကျောင်းအတွင်း ထိုးဆင်းပျက်ကျသွားတာဖြစ်ပြီး ရပ်ကွက်ထဲက လူတစ်ဦးသေဆုံးခဲ့ရတယ်လို့ ပြည်တွင်းလခြမ်းနီအဖွဲ့ခေါင်းဆောင်ကပြောပါတယ်။

ကျောင်းဟာ ကိုဗစ်ကပ်ဘေးကြောင့် ပိတ်ထားတာဖြစ်တယ်လို့ ဒေသခံအရာရှိတစ်ဦးဖြစ်တဲ့ မိုဟာမက်ဘက်ဂါဟိုနာဗာက နိုင်ငံပိုင်ရုပ်မြင်သံကြားကိုပြောပါတယ်။

လေယာဉ်ဟာ F-5အမျိုးအစားတိုက်လေယာဉ်တစ်စီးဖြစ်ပြီး မနက်(၉)နာရီခန့်မှာ မိုနာဂျမ်က တာဘရစ်ရပ်ကွက်အလယ်ကို ထိုးဆင်းပျက်ကျခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ပျက်ကျမှုနှင့်ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီလို နိုင်ငံပိုင်ရုပ်သံကပြောပါတယ်။

အီရန်လေတပ်မှာ အများစုက ရုရှားရဲ့လေယာဉ်တွေဖြစ်ပြီး တရုတ်လေယာဉ်တွေလည်းရှိပါတယ်။

အဲဒီအထဲမှာ ၁၉၇၉ အစ္စလမ်မစ်တော်လှန်ရေးမတိုင်ခင်ကတည်းကရှိခဲ့တဲ့အမေရိကန်လုပ် F-4 နှင့် F-5 တိုက်လေယာဉ် အချို့တော့ဆက်လက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာ/ရှင်

Source AFP