Published 21 February 2022

တွစ်တာနှင့်ဖေ့စ်ဘုတ်ခ်တို့ကဲ့သို့သော ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်က သတင်းအမှားတွေကို ဟန့်တားထိန်းချုပ်ဖို့ ပါကစ္စတန်က ဥပဒေတွေကို ပိုပြီးတင်းကျပ်လိုက်ပါတယ်။

သမ္မတ အာရစ်အယ်လ်ဗီက ပါကစ္စတန်နိုင်ငံရဲ့ အီလက်ထရွန်းနစ်ရာဇဝတ်မှုခင်းများတားဆီးကာကွယ်ရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကို အတည်ပြုလိုက်ပါတယ်။ အဲဒီပြင်ဆင်ချက်အရ ဆိုရှယ်မီဒီယာကပို့စ်တစ်ခုခုအပေါ် မည်သူမဆို အမှုဖွင့် တိုင်ကြားနိုင်ခွင့်ရသွားပါတယ်။ အဲဒီအပြင်ထောင်ဒဏ်ကိုလည်း (၃)နှစ်ကနေ (၅)နှစ်အထိတိုးမြှင့်လိုက်ပါတယ်။ ပြင်ဆင်ချက် မှာ အွန်လိုင်းကနေ  သတင်းမှားဖြန့်သူတွေရဲ့ကျူးလွန်မှုကို အာမခံပေးလို့မရတဲ့ပြစ်မှုအဖြစ်ပါ ပြင်ဆင်ထားပါတယ်လို့ တရား ရေးဝန်ကြီးဖာရော့တ်နက်ဆမ်က တနင်္ဂနွေနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။

Source: Bloomberg